မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ သင်တောရွာက ပြည်သူ ၄ယောက် သူတို့ရဲ့ မီးလောင်ထားတဲ့ နေအိမ်တွေကို သန့်ရှင်းရေး ပြန်လုပ်နေချိန် ပျူစောထီးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂ရက်နေ့ မနက်ပိုင်းမှာ သင်တောရွာ ဒေသခံ ၄ယောက်ဟာ မီးလောင်ထားတဲ့ နေအိမ်နဲ့ ခြံဝန်းတွေကို သန့်ရှင်းရေးလုပ်နေချိန် မြောက်ခင်ရန်းရွာမှာရှိတဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တာ ဖြစ်ပါတယ်။

“သေဆုံးတာက အမျိုးသား၊ သူ့မိန်းမက လက်ဖြတ်ရမယ်လို့ ပြောတယ်။ နောက်ထပ် ၂ယောက်ကတော့ ဆေးရုံတင်ထားတယ်။ လောလောဆယ် ဆေးရုံတင်ထားရတဲ့သူတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ သူတို့လည်း ကိုယ့်အိမ် သူ့အိမ် ပြန်ပြီးမှ သန့်ရှင်းရေးလုပ်တာပေါ့။ မီးလောင်တဲ့ဟာလေးတွေ၊ ပေါင်းတွေဘာတွေ သွားခုတ်တာ” လို့ ဂန့်‌ဂေါမြောက်ပိုင်း ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မြောက်ခင်ရန်းရွာနဲ့ သင်တောရွာဟာ ၁မိုင်ဝန်းကျင်လောက်သာ ကွာဝေးတာ ဖြစ်ပါတယ်။ မြောက်ခင်ရန်းရွာက ပျူစောထီးတွေက သင်တောရွာရှိ နေအိမ်တွေကို ၂၀၂၂ ခုနှစ်ကတည်းက စတင်မီးရှို့ဖျက်ဆီးခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“သူတို့ကတော့ ပျူရွာမဟုတ်တဲ့ဟာတွေ အကုန်ရှို့တယ်။ ၂၀၂၃ မှာ အကုန်ရှောင်တယ်။ ရွာက တစ်မိုင်လောက်ဆိုပေမယ့် ရွာချင်းဆက်နေတာ.. ဒေသခံတွေက စစ်ရှောင်စခန်းမှာလည်း ရှိတယ်။ တောတိုက်တွေမှာလည်း ရှိတယ်။ အလုပ်လုပ်မှ စားရမယ့် တောင်သူအလုပ်တွေ ရှိတာပေါ့။ အဲ့ဘက်မှာက တောင်သူက အကြီးအကျယ်လုပ်တာလေ။ စစ်ရှောင်စခန်းမှာ ရေအခက်အခဲရှိတော့ တချို့ကတော့ ရွာနားနီးတို့ လယ်တောတို့ ယာတောတို့မှာ နေကြတာပေါ့” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

မြောက်ခင်ရန်းရွာဟာ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း လူငယ် ၂ ယောက်ကို ညှင်းပန်းနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

Special Operation Group – SOG တပ်ရင်း သင်တန်းဆင်းပွဲနှင့် SOG တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 - Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည် ခုန်ချသွားသည့် စုံတွဲရုပ်အလောင်းကို လက်ချင်းချည်လျက် ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။
Read More

ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်နဲ့ ဆန်ဖရန်စစ္စကိုက လူထုလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့်  အမေရိကန်ရောက်မြန်မာပြည်သူတွေက  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

ရန်ကုန်မြို့ ဟိုတယ်တစ်ခုတွင် အမျိုးသမီး ၁ဦးကို အပိုင်းပိုင်း ခုတ်သတ်ကာ အခန်းအပြင်ဘက် စွန့်ပစ်ခဲ့၊ စစ်အုပ်စုလက်အောက်တွင် ပြည်သူများ လုံခြုံမှုမရှိတော့ကြောင်း ဝေဖန်မှု မြင့်တက်နေ

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land Hotel မှာ အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ယူနက်စကိုစာရင်းဝင် ပုဂံရှေး​ဟောင်းနယ်မြေထဲကို စစ်ကောင်စီ စတင်လေကြောင်းတိုက်ခိုက်၊ ရေစကြိုမှာလည်း သာဂေါင်ရွာ ဒုတိယအကြိမ် ဗုံးကြဲခံရပြီး နေအိမ်တွေ ထိခိုက်ပျက်စီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။