အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်၊ ည ၉နာရီဝန်းကျင်အချိန်မှာ STUM အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးကို သူ့ရဲ့ နေအိမ်မှာပဲ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အောင်သပြေစစ်ကြောရေး ၉မိုင်အနီး အကူ (၁) မှာ ထိန်းသိမ်းချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာ ဇူလိုင်လ ၂၇ ရက်နေ့မှာ သမဂ္ဂခေါင်းဆောင် မသင်းထက်စံ အပါအဝင် အဖွဲ့ဝင် ၈ယောက်ကိုလည်း စစ်ကော်မရှင်တပ်တွေက STUM ရုံးမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ ဒေါ်မျိုးမျိုးအေး အပါအဝင် ရုံးအဖွဲ့ကို ရွှေပြည်သာ မြို့နယ်တရားရုံးမှာ ခြေချုပ်နဲ့ ခံဝန် အမှု တရားလိုပြ သက်သေတွေကို ဆက်လက် စစ်ဆေးကြားနာခဲ့ပြီး  အသင်းအဖွဲ့တွေ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၄၀၊၄၁ က တရားလိုကို စစ်ဆေးကာ အဓိကထွက်ချက် မပြီးသေးတာကြောင့် နောက်ထပ်ရုံးချိန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဆက်လက် စစ်ဆေးဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။ 

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး

STUM ရဲ့ ထုတ်ပြန်ချက်မှာတော့ STUM အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မျိုးမျိုးအေးဟာ အာသီးယောင်ဝေဒနာကို ခံစားနေရပြီး အတူဖမ်းဆီးခံရတဲ့ သမဂ္ဂခေါင်းဆောင် သင်းထက်စံဟာလည်း အံဆုံးသွား နာကျဉ်တဲ့ ဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လက်ရှိဖမ်းဆီးခံထားရတဲ့ အကျဉ်းထောင်ရှိ အချုပ်ခန်းမှာလည်း လုံလောက်တဲ့ ဆေးဝါး မရရှိဘဲ တရားရုံးထွက်လာမှသာ ဆေးဝါး ရရှိခဲ့ပြီး အဲဒီဆေးတွေကို ဆေးဘားကတဆင့် သွင်းဖို့ မိသားစုတွေကို မှာခဲ့တယ်လို့ ဆိုထားပါတယ်။ 

အခုလို STUM ဦးဆောင်သူတွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ ရုံးအဖွဲ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဖက်အလုပ်သမားတွေကလည်း တောင်းဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်အုပ်စုလက်ထက် ထိန်းမနိုင်အောင် တက်လာသည့် ကုန်ဈေးနှုန်းများ ထိုက်သင့်သည့် ဈေးနှုန်းအတိုင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေဟု မင်းအောင်လှိုင် ပြော

အကြမ်းဖက်မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်း အဆမတန် ကြီးမြှင့်လာမှုနဲ့အတူ ပြည်သူလူထုက အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကုန်ဈေးနှုန်းတွေ ထိုက်သင့်တဲ့ ဈေးနှုန်းအတိုင်း ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
Read More

မြိုင်မြို့နယ် နှောပင်ရွာတွင် စစ်ကော်မရှင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
Read More

ငလျင်ကြောင့် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူ ၆ ဦး သေဆုံး…

စစ်ကိုင်းမြို့နယ်ကို ဗဟိုုပြုပြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသူ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြုထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းမှာ ကင်းလှည့်ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းမြို့အနီး လိန်ပင်ရွာထိပ်မှာ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၅ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးနှင့် မလှိုင် တိုက်ပွဲများအတွင်း စစ်တပ် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ အယောက် ၄၀ ထက်မနည်းသေပြီး သုံးပန်း ၉ ဦးနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့၊ စစ်အုပ်စုထိုးစစ်ကို အကောင်းဆုံးခုခံရင်း ပြန်လည်ထိုးစစ်နိုင်ခဲ့ခြင်းဟု PDF များ ပြော

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်တွေမှာ ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ခုခံရင်း စစ်အုပ်စုဘက်က အရာရှိတွေ အပါအဝင် အယောက် ၄၀ ထက်မနည်း ထိခိုက်သေဆုံးကာ စစ်သုံ့ပန်း ၉ယောက်နဲ့ လက်နက်ခဲယမ်း အများအပြားရရှိတဲ့အထိ ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။