ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ရဲဘော် ရက်(ဂ်)နာ (ခ) ရဲဘော် C Jadeအတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် မနေ့က စစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

အဆိုပါအခမ်းအနားမှာ PDF တပ်ရင်း ၈၀၃ ရဲ့ ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုအလေးပြုတာ၊ လွမ်းသူ့ပန်းခွေချတာ၊ ကျဆုံးရဲဘော်ရဲ့ အတ္ထုပတ္တိ ဖတ်ကြားတာ၊ သေနတ်ဖောက် အလေးပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်းအမှတ် ၈၀၃ ရဲ့ တပ်ရင်းမှူး ရဲဘော် ရက်(ဂ်)နာ (ခ) ရဲဘော် C Jade ဟာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၇ ရက်မှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဘာအကြောင်းကြောင့် ကွယ်လွန်ခဲ့တယ်ဆိုတာကတော့ PDF တပ်ရင်း ၈၀၃ က မထုတ်ပြန်ထားပေမယ့် ရဲဘော် ရက်(ဂ်)နာဟာ ကွယ်လွန်ခင်အချိန်အထိ တပ်ရင်းတာဝန်တွေကို ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော် ရက်(ဂ်)နာရဲ့ တော်လှန်ရေးအပေါ် ကြိုးစားမှု၊ စိတ်အားထက်သန်မှုနဲ့ အနစ်နာခံခေါင်းဆောင်မှုတွေဟာ တပ်ရင်း ၈၀၃ ရဲဘော်တွေအတွက် စံနမူနာယူထိုက်စရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော် ရက်(ဂ်)နာ ကွယ်လွန်ခြင်းဟာ တပ်ရင်း ၈၀၃ နဲ့ တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ရဲဘော် ရက်(ဂ်)နာ ဖြစ်ချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေးအတွက် ကျန်ရှိနေတဲ့ တော်လှန်ရေးတာဝန်တွေကို တပ်ရင်း ၈၀၃ က ရဲဘော်တွေ ဆက်လက်ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် ခရစ်ယာန်ဘုရားကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝထိန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးတွေမှု ရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

AA နဲ့ ပူးပေါင်းတပ်များ ပိတ်ဆို့ထားတဲ့ နတ်ရေကန်စခန်းမှ ထွက်ပြေးသူ ဆယ်ချီရှိ

ရခိုင်နဲ့ မကွေးအစပ်က နတ်ရေကန်ဗျူဟာစခန်းကနေ ထွက်ပြေးတဲ့ စစ်ကော်မရှင်တပ်သား ဆယ်ချီရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ AA နဲ့ ပူးပေါင်းတပ်တွေဟာ အဆိုပါနတ်ရေကန်စခန်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး နတ်ရေကန်စခန်းဘေးပတ်လည်က ကင်းစခန်းတချို့ကိုလည်း သိမ်းထားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ နတ်ရေကန် ဗျူဟာစခန်းကနေ ဆယ်နဲ့ချီတဲ့စစ်သားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲရှောင်ပြည်သူများကို နေပြည်တော် PDF လူသားချင်းစာနာမှု အကူအညီများ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။