အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်၊ ည ၉နာရီဝန်းကျင်အချိန်မှာ STUM အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးကို သူ့ရဲ့ နေအိမ်မှာပဲ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အောင်သပြေစစ်ကြောရေး ၉မိုင်အနီး အကူ (၁) မှာ ထိန်းသိမ်းချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာ ဇူလိုင်လ ၂၇ ရက်နေ့မှာ သမဂ္ဂခေါင်းဆောင် မသင်းထက်စံ အပါအဝင် အဖွဲ့ဝင် ၈ယောက်ကိုလည်း စစ်ကော်မရှင်တပ်တွေက STUM ရုံးမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ ဒေါ်မျိုးမျိုးအေး အပါအဝင် ရုံးအဖွဲ့ကို ရွှေပြည်သာ မြို့နယ်တရားရုံးမှာ ခြေချုပ်နဲ့ ခံဝန် အမှု တရားလိုပြ သက်သေတွေကို ဆက်လက် စစ်ဆေးကြားနာခဲ့ပြီး  အသင်းအဖွဲ့တွေ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၄၀၊၄၁ က တရားလိုကို စစ်ဆေးကာ အဓိကထွက်ချက် မပြီးသေးတာကြောင့် နောက်ထပ်ရုံးချိန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဆက်လက် စစ်ဆေးဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။ 

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး

STUM ရဲ့ ထုတ်ပြန်ချက်မှာတော့ STUM အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မျိုးမျိုးအေးဟာ အာသီးယောင်ဝေဒနာကို ခံစားနေရပြီး အတူဖမ်းဆီးခံရတဲ့ သမဂ္ဂခေါင်းဆောင် သင်းထက်စံဟာလည်း အံဆုံးသွား နာကျဉ်တဲ့ ဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လက်ရှိဖမ်းဆီးခံထားရတဲ့ အကျဉ်းထောင်ရှိ အချုပ်ခန်းမှာလည်း လုံလောက်တဲ့ ဆေးဝါး မရရှိဘဲ တရားရုံးထွက်လာမှသာ ဆေးဝါး ရရှိခဲ့ပြီး အဲဒီဆေးတွေကို ဆေးဘားကတဆင့် သွင်းဖို့ မိသားစုတွေကို မှာခဲ့တယ်လို့ ဆိုထားပါတယ်။ 

အခုလို STUM ဦးဆောင်သူတွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ ရုံးအဖွဲ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဖက်အလုပ်သမားတွေကလည်း တောင်းဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ချိန် အာဏာသိမ်း စစ်ခေါင်းဆောင် အေးသင်္ကြန်ဟု အမည်တပ်ကာ ဆင်နွှဲ

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နေပြည်တော်မှာ “အေးသင်္ကြန်” လို့ နာမည်တပ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် သေဆုံးသူများခဲ့သည့် အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဥ်းသားများစာရင်း စစ်အုပ်စုဖုံးကွယ်ထား…

"အထူးသဖြင့် အာဏာမသိမ်းခင်ကတည်းကအဆောင်တွေကအိုဟောင်းနေပါပြီ။ အာဏာသိမ်းပြီးတော့ နိုင်ငံရေးအကျဥ်းသားတွေအများကြီးစုပြုံပြီးထည့်ထားတယ်။ ဒီတော့ ငလျင်ကြောင့်ဆိုတာထက်အဆောက်အအုံခိုင်ခန့်မှုမရှိတာကို လူတွေစုပြုံပြီးထည့်ထားတာမို့ စီမံခန့်ခွဲမှုညံ့ဖျင်းတာလို့ပြောချင်ပါတယ်။" လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ချောင်းဦးတွင် စစ်ကောင်စီတပ်များ တစ်ရက်အတွင်း ၃ ကြိမ်ဆက် တိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာစစ်ကောင်စီတပ်တွေကို တစ်နေ့တည်း မိုင်းခွဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကရင်နဲ့မွန်အစပ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီ ရွာလုံးကျွတ်မီးရှို့လို့ ဒေသခံထောင်နဲ့ချီထွက်ပြေးနေရ၊ ဒီဇင်ဘာ အအေးဒဏ်နဲ့အတူ မင်းဘူးခရိုင်ထဲက စစ်ရှောင်တွေ ကျန်းမာရေးချို့တဲ့နေကြ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ စမ်းကလေးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ DIA သတင်းနှင့်ထောက်လှမ်းရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။
Read More

ရွေးကောက်ပွဲကို ဒီဇင်ဘာနှင့် ဇန်နဝါရီမှာ အပိုင်း ၂ ပိုင်းခွဲကျင်းပဖို့ ရည်ရွယ်ထားဟု မင်းအောင်လှိုင် ပြော

စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အပိုင်း ၂ ပိုင်းခွဲပြီး ကျင်းပသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ မတ်လ ၂၅ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ အစည်း အဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။