တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့က ရပ်ကွက် ၈ ပုပ္ပါရုံကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂ ရက် ဒီမနက် ၇ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေ သေဆုံးခဲ့သလို နေအိမ်တွေလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

“နမ္မတူမြို့အတွင်း ပုပ္ပါရုံကျောင်းအောက်က နေအိမ်ပေါ် ကြဲသွားတာ၊ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ အမျိုးသားက အသက် ၇၀ ဝန်းကျင်လောက်ရှိမယ်။ ကုလားထိုင်ပေါ် ထိုင်ရင်းနဲ့ နေအိမ်ထဲ သေဆုံးသွားတာ တွေ့ရတယ်။ ခေါင်းတခြမ်း မြင်မကောင်းအောင်ကို ပျက်စီးသွားတာ တွေ့တယ်” လို့ ကျောက်မဲ နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီနေ့ မနက်ပိုင်းမှာပဲ စစ်ပ်က မန်တုံမြို့ကို လေကြောင်းကနေ ဗုံး ၄ လုံး လာရောက်ကြဲချခဲ့သေးတယ်လို့ သိရပါတယ်။

“နေအိမ်က ၅လုံးလောက် လုံးဝ ပျက်စီးသွားတယ်။ လေဟပ်လို့။ တခြားအိမ်တွေလည်း ပျက်စီးသွားတယ်။ ဥပမာ မျက်နှာကျက် ပြုတ်ကျတာတို့ ပြူတင်းပေါက် မှန်ကွဲသွားတာတို့ပေါ့” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

မနေ့ကလည်း စစ်တပ်က မိုးကုတ်မြို့အနောက်ပိုင်း ရေထွက်ကြီးရွာကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ပြည်သူနေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်ကို စစ်ကောင်စီက သတ်မှတ်ကြေညာ

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံး ပျက်စီးဆုံးရှုံးရမှုတွေအတွက် ၂၀၂၅ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်များအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။ 
Read More

KNU ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ Chinland အစိုးရအဖွဲ့ဝင်များအပါအဝင် AA နှင့် PDF တို့ကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် စစ်ကော်မရှင် အမှုဖွင့်ထား

ကရင်အမျိုးသားအစည်အရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ယောက်၊ အာရက္ခတပ်တော် AA နဲ့ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ယောက်တို့ကို အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေ၊ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၈ သိန်းအထိ မြင့်တက်လာ

ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းလာပြီး ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် မြင့်တက်လာ တယ်လို့ ပြည်တွင်းရွှေစျေးကွက်ထံက သိရပါတယ်။
Read More

နတ်တလင်းတွင် စစ်ကြောင်းထွက်လာသည့် စစ်အုပ်စုနှင့် PDF များ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွား၊ စစ်အုပ်စုက ၈ ဦးသေပြီး အများအ​ပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်း​မြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ Bamar Revolution Army-B.R.A ရဲ့ တပ်ခွဲမှူး ရဲဘော်လကျာ်က မောင်းသတင်းဌာနကို ပြောပါတယ်။