မြန်မာနိုင်ငံမှာပြုလုပ်မယ့် စစ်တပ်ထိန်းချုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ပိုမိုမြင့်တက်စေမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က စက်တင်ဘာလ ၃၀ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ အခြေအနေဆိုင်ရာ အဆင့်မြင့်ညီလာခံမှာ သူက အခုလို ပြောဆိုခဲ့တာဖြစ်ပြီး “ယနေ့ မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ၊ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေရဲ့ ဘဝဟာ သူတို့ မကြုံဖူးလောက်အောင် အဆိုးရွားဆုံး ဖြစ်နေနိုင်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတို့ရဲ့ ဖိနှိပ်ခံသမိုင်းတလျှောက် နောက်ထပ်ဆိုးရွားတဲ့ အခန်းသစ်တခုပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီညီလာခံကနေပြီး “ဒီလိုမတရားမှုကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး အစီအစဉ်ရဲ့ ထိပ်ဆုံးမှာ ထားတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြသရမယ်” “ရိုဟင်ဂျာတွေအတွက် အလှည့်အပြောင်းတခု ရောက်အောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးယူဆောင်ရွက်ပြီး သူတို့ရဲ့ ဘဝဆိုးအတွက် ထာဝရဖြေရှင်းချက်တခု ချမှတ်ဖို့အတွက် အချိန်ရောက်ပြီ” လို့ သူက ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် တိုက်ပွဲတွေ အရှိန်မြင့်လာပြီး စစ်တပ်က “အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ” ပြုလုပ်ခဲ့ကြောင်း၊ “လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်သားတွေကို တမင်သတ်ဖြတ်တာတွေ၊ အရပ်သားပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ၊ အဓမ္မဖမ်းဆီးချုပ်နှောင် နှိပ်စက်မှုတွေနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေ အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ” ကို ကျူးလွန်ခဲ့ကြောင်း ဗော်လ်ကာတော့ခ်က ဆိုပါတယ်။

“၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက် မြောက်ပိုင်းရခိုင်က ပုံရိပ်တွေနဲ့ ဗီဒီယိုတချို့ဟာ ၂၀၁၇ ခုနှစ်တုန်းက ရက်စက်ကြမ်းကြုတ်မှုတွေကို ပြန်သတိရစေပါတယ်” “ဒီအခြေအနေအားလုံးကြောင့် ပြည်တွင်းမှာ လူပေါင်း ၃.၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက ရိုဟင်ဂျာ ၁ သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်ဘက် ထပ်မံထွက်ပြေးခဲ့ရတယ်” လို့ သူက ပြောပါတယ်။



“ဒီလို အခြေအနေတွေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ – ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ နိုင်ငံသားဖြစ်မှုကို စိတ်ထင်တိုင်း ဖယ်ရှားခံထားရတာကြောင့် မဲပေးခွင့် ရရှိမှာမဟုတ်ပါဘူး။ တိုင်းရင်းသား ရခိုင်ပါတီတွေကိုလည်း ယှဉ်ပြိုင်ခွင့်ကနေ ပိတ်ပင်ထားပါတယ်” လို့ သူက သတိပေးပြောကြားခဲ့ပြီး စစ်တပ်ထိန်းချုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှုံ့ချခဲ့ပါတယ်။

“ဒီအကျပ်အတည်းကနေ ရုန်းထွက်ဖို့ နည်းလမ်းဟာ တင်းမာမှုလျှော့ချရေး၊ အရပ်သားကာကွယ်ရေး၊ ဆွေးနွေးမှုနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဟုတ်ပါဘူး” လို့ မဟာမင်းကြီးက ပြောဆိုထားပြီး မြန်မာပြည်ကို လက်နက်စီးဆင်းမှုတွေ ရပ်တန့်ဖို့၊ ဒုက္ခသည်တွေကို ငွေကြေးထောက်ပံ့မှုတွေ ဆက်ပေးဖို့နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ တောင်းဆိုခဲ့ပါတယ်။

“အကြမ်းဖက်မှု၊ အလွန်အမင်း ဆင်းရဲကြီးမှုနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာက အလေးအနက် စိုးရိမ်ရတဲ့ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့ရဲ့ တာဝန်အတိုင်း အရေးယူဆောင်ရွက်ရပါမယ်” လို့ သူက ညီလာခံအတွင်း ပြောဆိုသွားပါတယ်။


မူရင်းသတင်း – UN rights chief warns Myanmar elections under military control ‘can be neither free, nor fair

0 Shares:
You May Also Like
Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ဌာနချုပ်မှာ ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၅ ရက် မနေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA Day) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်ဌာနချုပ်) မှာ ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ကြဲချတဲ့ ဗုံးသီးတွေ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ၃ယောက် သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီက ၄ရက်မြောက်အဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား မိသားစုဝင် ၃ယောက် ထပ်မံသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပကဖတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန် ယင်းမာပင်ခရိုင် ပကဖ က (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာမှာ PNO ပြည်သူ့စစ် မီးရှို့မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့တာကြောင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံအတွင်းက အရပ်သားတွေကို အကြမ်းဖက်နေမှုများအပေါ် အင်ဒိုနီးရှားနဲ့ အမေရိကန်သမ္မတ ရှုတ်ချ

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က မြန်မာနိုင်ငံအတွင်းက အရပ်သားတွေကို အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။