ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရဲမှူး အောင်နိုင်ဦးဟာ မနေ့က ကျရောက်တဲ့ ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ သန်းခေါင်ယံအချိန်မှာ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ပြောဆိုကြပေမယ့် ဒေသခံတွေကတော့ ဟိုင်းခန်းလို့ခေါ်ကြတဲ့ KTV ခန်းမှာ ‌မူးယစ်ဆေး အသုံးလွန်ပြီး သေဆုံးတာဖြစ်တယ်လို့ ဆိုကြပါတယ်။

“အခုကတော့ ဦးနှောက်သွေးကြောပြတ်တယ်လို့ သတင်းတွေ ထွက်လာတာပေါ့နော်။ အရပ်ထဲမှာကတော့ သူက ဟိုင်းခန်းမှာ ဆေးလွန်သေတာဆိုပြီးပဲ ပြောနေကြတာ။ ဦး‌နှောက်သွေးကြောပြတ်တာ မဟုတ်ပါဘူး” လို့ မြဝတီမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မြဝတီမြို့မှာ စစ်တပ် ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း မြို့ခံလူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေသလို မြို့ခံတွေဟာ ည ၈နာရီနောက်ပိုင်း အပြင်မထွက်ရဲတော့တဲ့ အခြေအနေအထိ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပေါ်တာဆွဲခံရသူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေပြီး မရွေးနိုင်တဲ့သူတွေကိုတော့ ခလရ ၂၇၅ ထဲ စစ်မှုထမ်းဖို့ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်လုပ်ငန်းစု AVIC ရောင်းချတဲ့ စစ်လေယာဉ်တွေကို စစ်ကောင်စီက တစ်နိုင်ငံလုံး ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတယ်လို့ Justice For Myanmar ထုတ်ဖော်

ကမ္ဘာ့လေကြောင်း ကုမ္ပဏီကြီး Airbus အနေနဲ့ သူ့ရဲ့စီးပွားမိတ်ဖက် AVIC က မြန်မာစစ်အုပ်စုကို လက်နက်တွေ ထောက်ပံ့ပေးနေမှုအပေါ် ဩဇာအာဏာ အသုံးပြုပြီး ကန့်ကွက်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း Justice For Myanmar နဲ့ Info Birmanie တို့က ပူးတွဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းကို ဗုံးခွဲတိုက်ခိုက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 
Read More

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဧပြီလ တစ်ဖက်သတ် အပစ်ရပ်မည်

စစ်ကိုင်းမြို့နယ်ကို အခြေပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။