စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တိုက်ပွဲအတွင်း သိမ်းဆည်းရရှိတဲ့ လက်နက်တွေထဲက MA1 သေနတ် (၅)လက်ကို တိုက်နယ် ပကဖ တွေဆီ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

အဆိုပါ လက်နက် ပေးအပ်ပွဲကို အောက်တိုဘာ ၁ ရက် မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့နယ် ပကဖ တာဝန်ခံ၊ မြို့နယ် ပကဖ ဒုတာဝန်ခံ၊ အင်အားစုဖွဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စစ်လက်နက်တာဝန်ခံ၊ ကူကယ်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံတို့က အသီးသီး ဂုဏ်​​ပြု ချီးမြှင့် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် ပကဖ က ပေးအပ်လာတဲ့ MA 1 သေနတ် ၅ လက်ကို တိုက်နယ် ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နဲ့ အဖွဲ့တွေက အသီးသီး လက်ခံရယူခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ လက်နက် ချီးမြှင့်ပေးအပ်ပွဲကို မြို့နယ် ပအဖ ခေါင်းဆောင်နဲ့ အဖွဲ့တွေ၊ မြို့နယ် ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နဲ့ ပကဖ EC အဖွဲ့တွေ၊ တပ်စိပ်မှူးတွေ၊ တိုက်နယ် (၁၊၂၊၃၊၄၊၅) ခေါင်းဆောင်၊ ဒုခေါင်းဆောင်နဲ့ အဖွဲ့တွေ၊ မြို့ပြ ပြောက်ကျား (UG) အဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အဓမ္မ စစ်မှုထမ်းခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက် Loikaw Local PDF ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Loikaw Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမြို့နယ်တွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် ၃ ဦး သေဆုံး၊ သားအဖ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ လာရောက်ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) ထံက သိရပါတယ်။
Read More

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်မမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်အထိ သေဆုံးခဲ့

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား အင်အား ၁၂၀၀ ကျော် သုံးပြီးခုခံပေမဲ့ ဂွမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကာ တပ်မမှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာကျော် သေဆုံးတယ်လို့AA က ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိ…

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က လူနေရပ်ကွက်နဲ့ စျေးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမြို့နယ်တွင် စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က စစ်အုပ်စုကို ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့တယ်လို့ ပြည်ခရိုင် ၃၈၀၁ တပ်ရင်း စစ်ထောက်လှမ်းရေး နဲ့ သတင်းပြန်ကြားရေးဆီက သိရပါတယ်။