မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။

နယူးယောက်မြို့မှာ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ်အတွင်း မြန်မာ့အရေး ဘေးပေါက်ဆွေးနွေးပွဲတခုမှာ ဖင်လန်ပညာရေးဝန်ကြီး Anders Adlercreutz က အခုလို ထုတ်ဖော်ပြောကြားခဲ့တာပါ။

ဖင်လန်နိုင်ငံဟာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ ကုလသမဂ္ဂမှာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပညာရေးနဲ့ တန်းတူပါဝင်မှုရဲ့ အရေးပါပုံကို အစဉ်တစိုက် အလေးပေးပြောဆိုလေ့ရှိတာပါ။

ဖင်လန်နိုင်ငံ ပညာရေးဝန်ကြီး Anders Adlercreutz


ဖင်လန် ပညာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စား လာရောက်ပြောကြားခဲ့သူ ဝန်ကြီး Adlercreutz က လူငယ်တွေကို ပညာရေးကတဆင့် စွမ်းရည်မြှင့်တင်ပေးဖို့နဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေအတွင်း ပူးပေါင်းပါဝင်ခွင့်ပြုဖို့ အရေးကြီးဆုံးဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့ပါတယ်။

မြန်မာပြည်အတွက် ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို ပုံဖော်ရာမှာ စုံလင်ကွဲပြားတဲ့ မြန်မာလူငယ်တွေအားလုံး ပါဝင်နိုင်ရေး နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ဖင်လန်အနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိကြောင်း သူက ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း တက်ရောက်လာတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ မြန်မာ့အရေး စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေ အပါအဝင် အခြားသော ကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မူရင်းသတင်း – Finland highlights support for Myanmar’s youth at UN General assembly

0 Shares:
You May Also Like
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇန်နဝါရီလမှာကြားနာမည်

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားထားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာလ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတရားစွဲဆိုမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က စံနှုန်းပိုင်းဆိုင်ရာ ပထမဆုံးအကြိမ် ကြားနာမဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်တာကြောင့် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တဲ့ စံနမူနာတွေ ဖြစ်လာဖွယ်ရှိပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ သန်းတစ်ထောင်နီးပါး ကုလ အကူအညီတောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲနဲ့ သူတို့အိမ်ရှင်တွေအတွက် အခုနှစ်အတွင်း ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တောင်းခံထားကြောင်း ကုလသမဂ္ဂက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ 
Read More

Mytel နှင့်ဆက်စပ် စာမျက်နှာ၊ Group နှင့် အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို Facebook ဖယ်ရှား၊ မြန်မာစစ်တပ်ထိန်းချုပ်ထားသည့် ဆက်သွယ်ရေးကွန်ရက် အွန်လိုင်းတည်ရှိမှုအပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာ

အကြမ်းဖက်မြန်မာစစ်တပ်ပိုင် Mytel နဲ့ ဆက်စပ် စာမျက်နှာ၊ Group နဲ့ အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ကဖယ်ရှားလိုက်တယ်လို့ ဇန်နဝါရီ ၉ မှာ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
Read More

ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ၊ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ကို ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေ…

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။