ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉)ရက် မနက်ပိုင်းမှာ ဒေသခံအမျိုးသား ၁ ယောက်က မီးသင်္ဂြိုဟ်ပြီးတဲ့ရုပ်အလောင်းရဲ့ပြာတွေကို မြို့ အနောက်ဘက်ဆီ သွားစွန့်ပစ်ရာ မိုင်းတစ်လုံးကို နင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နေ့လည်ပိုင်းမှာလည်း ဒေသခံလူငယ် အမျိုးသား ၁ ယောက်ဟာ သုသာန်ကွင်းပြင်မှာ နွားသွားရှာနေချိန် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခင်းနေရာဆီကို ပရဟိသလူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ခဲ့ပြီး သေဆုံးသွားတဲ့ အမျိုးသား (၂) ယောက်ကို မီးသင်္ဂြိုလ်ဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁)ရက်ကလည်း ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား(၂) ယောက်ဟာ ဆိုင်ကယ်နဲ့ အိမ်ကို ခေတ္တပြန်ချိန် လမ်းမပေါ်ရှိ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

နောင်ချိုမြို့မစျေးအတွင်း စစ်ကောင်စီတပ်က ဒီနေ့မနက် လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာ တစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟယ Y-12 လေယာဥ်နဲ့ နောင်ချို့မြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ညစျေးတန်း၊ မြို့မစျေးနဲ့ စျေးရပ်ကွက် နယ်မြေ(၄) တို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မွန်အားလုံးကို ကိုယ်စားမပြုနိုင်သည့် စစ်ကောင်စီ၏ လောင်းရိပ်မိ မွန်အမျိုးသားညီလာခံ

စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ 
Read More

ပခုက္ကူတွင် ရိက္ခာရှာထွက်သည့် စစ်အုပ်စုများကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦးအရှင်ဖမ်းဆီးခံရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကိုးလအတွင်း တရုတ်နိုင်ငံကို မြန်မာ့မြေရှား ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့

လက်ရှိ ၂၀၂၅ ခုနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်ကို မြေရှားသတ္တုတင်ပို့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ ဒုတိယအဆင့် ရပ်တည်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။