ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထက်အင်းချောင်းရွာ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာ ငှက်ပျောတောအုပ်ထဲမှာ ARSA အဖွဲ့ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အရပ်သားအလောင်း ၆ လောင်းကို တွေ့ရှိထားတယ်လို့ အာရက္ခတပ်တော် AA က အောက်တိုဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်အမှတ် ၅၆ နဲ့ ၅၇ ကြား ပွိုင့် ၆၀၁ ကုန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ARSA တပ်ဖွဲ့ဝင်တွေနဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ စခန်းနှစ်ခုကို သွားလာရာလမ်းတလျှောက် တွေ့သမျှ မွတ်ဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို နှုတ်ပိတ်တဲ့အနေနဲ့ ARSA က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ကာ အလောင်းတွေကို လူပြတ်တဲ့နေရာ (ဒါမှမဟုတ်) လူအရောက်နည်းတဲ့ နေရာတွေမှာ စွန့်ပစ် ထားခဲ့တယ်လို့ AA က ဆိုပါတယ်။

အဆိုပါအချိန်ကာလအတွင်း တမန်းသားကျေးရွာနဲ့ ဒုံးညိုကျေးရွာရှိ ဒေသခံပြည်သူတွေ ပျောက်ဆုံးနေရာ ၁၀ ယောက်အထိ ပျောက်ဆုံးနေကြောင်း AA ရဲ့ အရပ်ဘက်အုပ်ချုပ်ရေးဌာနကို လူပျောက်တိုင်တန်းမှုရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ငှက်ပျောတောအုပ်ထဲမှာ တွေ့ရှိရတဲ့ ရုပ်အလောင်း ၆ လောင်းဟာ တမန်းသားကျေးရွာနဲ့ ဒုံးညိုကျေးရွာကနေ ပျောက်ဆုံးနေတဲ့ ရွာသားတွေအထဲက ၆ ယောက်ရဲ့ ရုပ်အလောင်းတွေ ဖြစ်တယ်လို့ AA ကခန့်မှန်းပြောဆိုထားပြီး ငှက်ပျောတောအုပ်ထဲမှာ အရည်ပျော်ကာ အရိုးစုတွေ ကျန်ရှိတော့တဲ့ ရုပ်ပျက်ဆင်းပျက် အနေအထားနဲ့ ရုပ်အလောင်းတွေကိုသာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ AA က ဆိုပါတယ်။

နေရာပြမြေပုံ

ငှက်ပျောတောအုပ်အတွင်း အလောင်း တစ်လောင်းစီကို နေရာ (၂) နေရာ၊ နှစ်လောင်းစီကို နေရာ (၂) နေရာ စုစုပေါင်း အလောင်း (၆) လောင်းကို နေရာ (၄) နေရာ ခွဲပြီး ARSA က စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းတွေကို တွေ့ရတဲ့နေရာရဲ့ စိုထိုင်းမှုလွန်ကဲခြင်းနဲ့ စနစ်တကျ မမြှုပ်နှံဘဲ စွန့်ပစ်ထားခဲ့ခြင်းတွေကြောင့် အလောင်းတွေက အရည်ပျော်ပြီး အရိုးတွေသာ ကျန်တော့တာကြောင့် မှုခင်းဆေးပညာဝန်ထမ်းတွေနဲ့အတူ လူပျောက်မိသားစုတွေ ပူးပေါင်းပြီး အလောင်းတွေကို ခွဲခြမ်းစိတ်ဖြာနေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ပွိုင့် (၆၀၁) ကုန်းရှိ အာရက္ခတပ်တော်ရဲ့ နယ်စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းတို့ကို သိမ်းပိုက်ဖို့ ရည်မှန်းချက်နဲ့ ARSA တပ်ဖွဲ့ဝင်တွေက သူတို့အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေ နည်းလမ်းမျိုးစုံနဲ့ ရခိုင်ပြည်ထဲကို အချိန်ယူ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ AA က ဆိုပါတယ်။

AA ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ARSA တပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ပြေးသွားသလို ARSA အဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းကာ ဒေသအတွင်း အကြမ်းဖက်အန္တရာယ် ကင်းဝေးစေဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ARSA နဲ့ RSO လက်နက်ကိုင် အဖွဲ့ဝင်တွေက အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေတာကြောင့် နယ်စပ်ရှိ ပြည်သူတွေအနေနဲ့ တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေမှာ သွားလာတဲ့အချိန် တစ်ယောက်တည်း (ဒါမှမဟုတ်) လူအနည်းစုနဲ့ သွားလာတာတွေကို အတတ်နိုင်ဆုံး မပြုလုပ်ဖို့ အာရက္ခတပ်တော် AA က တိုက်တွန်းထားပါတယ်။

ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမယ့် အရေးကြီးကိစ္စတွေ ရှိရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြဖို့ လုံခြုံရေးအရ ထပ်မံ သတိပေးကြောင်း AA က ထုတ်ပြန်ထားပါတယ်။

နေရာပြမြေပုံ
0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲဆီ အောင်ဇေယျစစ်ကြောင်းက တပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကနေ စစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို စောင့်ကြိုတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းက ထုတ်ပြန်လာပါတယ်။ 
Read More

မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီး ၃ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ… ကန်နီရွာ ပျူခေါင်းဆောင်က မိန်းမပျိုများကို လက်နက်ဖြင့် ခြိမ်းခြောက်သားမယားပြုကျင့်နေဟု ဆို….

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ဝါဒဖြန့် MRTV မှ ပြည်သူစိတ်ဝင်စားသည့် အစီအစဉ်ကောင်းများ ပြသဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

စစ်ကောင်စီက ထိန်းချုပ်ထားပြီး နေ့စဉ် အများပြည်သူကို ဝါဒဖြန့်နေတဲ့ MRTV အနေနဲ့    ပြည်သူတွေစိတ်ဝင်စားတဲ့ အစီအစဉ်ကောင်းတွေ ပြသဖို့ အာဏာသိမ်း  ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံး၊ နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၅) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်းပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။