စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်း​၂ ခု ခွဲထိုးရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်း၂ခုခွဲထိုးရင်း လေ​​ကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတာဖြစ်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာ တန့်ဆည်မြို့နယ်၊ တနယ်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့သလို မြို့တောင်ဘက်အခြမ်းကိုလည်း ဂျက်ဖိုက်တာနဲ့ လေ​​ကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်အုပ်စုတွေဟာ တန့်ဆည်မြို့နယ်၊ ခပေါင်းကြိုင်ကျေးရွာနဲ့ ရေဦးမြို့နယ်၊ အောင်သာရွာတို့မှာ စစ်ကြောင်းတစ်ခုစီ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ရေဦး-တန့်ဆည်လမ်းပိုင်းက ကျေးရွာတွေဟာ လေကြောင်းအန္တရာယ်ရော စစ်ကြောင်းအန္တရာယ်ပါရင်ဆိုင်နေရလို့ အရပ်သားတွေသတိထားနိုင်ဖို့ တန့်ဆည်ပကဖက သတိပေးထားပါတယ်။

“အခုစစ်ကြောင်းထိုးနေတာက ၂မြို့နယ်နီးချုပ်စပ်လို့ ပြောလို့ရတယ်။ မနက်ကလည်း ဖိုက်တာနဲ့လည်း စစ်ကြောင်းဝင်နေတဲ့ တန့်ဆည်နယ်တောင်ခြမ်းကို လေကြောင်းတိုက်ခိုက်သွားသေးတယ်။ မြေပြင်ရော ဝေဟင်ရော သုံးနေတဲ့အခြေအနေပါ” လို့ ရေဦးနယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ရေဦးနဲ့ တန့်ဆည်နယ်အစပ်မှာ ရှိတဲ့ ကျေးရွာတွေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဖန်ခါဇင်ရွာက အမျိုးသမီး ၁ယောက်သေဆုံးခဲ့ပါ​တယ်။

အဲ့ဒီဖြစ်စဥ်မတိုင်ခင် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ​ပေါင်၅၀၀ဗုံးတွေ ကြဲချခဲ့တာကြောင့် အမျိုးသမီး၂ ယောက် အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ပါသေးတယ်။

ရေဦးနှင့် တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းဝင်မီးရှို့နေစဥ်
0 Shares:
You May Also Like
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

Chinland Defense Force – Kalay Kabaw Gangaw ၏ အပတ်စဉ် ( ၈ ) အခြေခံစစ်သင်တန်းဆင်းပွဲ…

Chinland Defense Force - Kalay Kabaw Gangaw (CDF - KKG) တပ်ရင်း (၃) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၈ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံ တို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့အတူ တော်လှန်ရေးခရီး ဆက်လျှောက်မယ်လို့ TNLA ထံ MNDAA နဲ့ AA သဝဏ်လွှာပေးပို့

တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။