ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထဲကို စစ်ကော်မရှင်တပ်တွေ ထိုးဖောက်ဝင်ရောက်နေပြီး တအာင်းတပ်မတော် TNLA ရှိမယ်လို့ထင်တဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စက်တင်ဘာ ၂၉ရက်နေ့က စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့နဲ့ ၃မိုင်အကွာလောက်မှာရှိတဲ့ ခိုမုန်းကျေးရွာထဲကို ဝင်ရောက်လာတာကြောင့် TNLA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်တပ်က ခိုမုန်းရွာထဲမှာ ဆက်လက်အထိုင်ချထားပြီး စက်တင်ဘာ ၃၀ ရက်မှာတော့ စစ်ကြောင်း ၂ကြောင်းခွဲကာ တစ်ကြောင်းက ကျောက်မဲမြို့ထဲကိုဝင်ဖို့နဲ့ နောက်တစ်ကြောင်းက မိုင်းတင်းရွာထဲကိုဝင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ ကျောက်မဲမြို့ထဲက ဌာနဆိုင်ရာရုံးတွေကိုလည်း မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“လက်ရှိအနေအထားကတော့ တိုက်ပွဲ ဆက်ပြီး ပြင်းထန်နေတယ်ပေါ့နော်။ စစ်ကောင်စီဘက်ကလည်း ကျောက်မဲမြို့နဲ့ ၃မိုင်အကွာလောက်မှာ ခိုမုန်းကို ရောက်နေတယ်ပေါ့နော်။ အခု ကျောက်မဲကိုဝင်ဖို့ စစ်ကြောင်းတွေထိုးနေတာ။ အခုမြို့ထဲကို လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲနေတယ်။ ဒရုန်းကနေ ဗုံးအမျိုးမျိုး ကြဲနေတယ်။ အဆိပ်ငွေ့ဗုံးတွေရော မီးလောင်တဲ့ဗုံးတွေရော ဒီရုံးဌာနတွေကို ဗုံးကြဲတယ်” လို့ ကျောက်မဲနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ်လော်ဘီတချို့ကတော့ အဆိုပါ မီးလောင်ဗုံးကြဲတာတွေဟာ TNLA ကြဲတာဖြစ်တယ်လို့ ဝါဒဖြန့်မှုတွေ ရှိနေပါတယ်။ စစ်တပ်ဟာ ကျောက်မဲမြို့ ပြန်လည်ရရှိရေး စစ်ကြောင်းထိုးနေတာ ၃လဝန်းကျင် ရှိပြီဖြစ်ပြီး နောင်ချိုကို ပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့နောက် ဗုံးကြဲမှုတွေကိုလည်း အဆက်မပြတ် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

“ကျောက်မဲကို စထိုးတော့ နောင်ပိန်ဘက်က SSPP နေထိုင်တဲ့ ကျေးရွာဘက်ကနေ ထိုးလာတယ်။ ကျောက်မဲကို ဒုဗိုလ်ချုပ်ကြီး ကစထမှူး နိုင်လင်းဦး ဒီစစ်ဆင်ရေး ဦးဆောင်ပြီးနောက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်လာတယ်။ အဲ့အချိန်ကစပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်။ ဇွန်လ ၁၆ ရက်နေ့လောက်က စမယ်ထင်တယ်။” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ကျောက်မဲမြို့ကို သိမ်းပိုက်ရရှိဖို့အတွက် TNLA ပူးပေါင်းတပ်တွေက ၁လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ် သြဂုတ်လ ၅ရက်နေ့မှာ ကျောက်မဲကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကူမင်းဆွေးနွေးပွဲ စတင်ရန် တစ်ရက်အလိုမှာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက TNLAထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းမှာ TNLA က ထုတ်ပြန်ပါတယ်။
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။ 
Read More

ဖားကန့်တွင် ကမ်းပါးပြိုပြီး ရေမဆေးကျောက်ရှာသူ ၂ ဦး မြေစာပိ သေဆုံး၊ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး စက်ကြီးအစီး ၄၀ နှင့် ကားအစီး ၃၀ ကျော်ကိုလည်း စစ်အုပ်စု မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊ တောင်ယာကုန်းရွာရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုမှာ ကမ်းပါးပြိုကျပြီး လက်ကျင်းတူး ရေမဆေးကျောက်ရှာသူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတုန်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် အလစ်အငိုက် ချေမှုန်းခံရပြီး အယောက် ၃၀ နီးပါးသေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ တပ်ကြပ်အဆင့် စစ်သုံ့ပန်းတစ်ယောက်လည်း ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ မြို့တောင်ဘက်ပိုင်းက ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ရင်းတွေကို ဟန့်တားတိုက်ခိုက်ရင်း စစ်ကောင်စီတပ်သား ၃၀ခန့်ကို ချေမှုန်းနိုင်ခဲ့သလို သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။