အကြမ်းဖက်စစ်အာဏာရှင်ကို အောင်နိုင်ရေးအတွက် စည်းလုံးမှု၊ ရင်းမြစ်တွေ ထုတ်သုံးနိုင်မှုအပြင် အဖွဲ့အစည်းစွဲ၊ အဖွဲ့အစည်းဗဟိုပြုမှုတွေ မရှိမှ ဖြစ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်တဲ့ ကရင်နီရိုးရာ (ဒီကူး) ရိုးရာပွဲအခမ်းအနားမှာ မာဝီက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်း လစဥ် အခွန်ဘဏ္ဍာငွေ သိန်း ၇သောင်းအထိရရှိနေပြီး အဲ့ဒီထဲကမှ ၆ဝ ရာခိုင်နူန်းဖြစ်တဲ့ သိန်း၄သောင်းလောက်ကို ဒေသကာကွယ်ရေးအတွက် အသုံးပြုနေကြောင်း၊ ရရှိတဲ့ အခွန်ငွေတွေကို တစုတစည်းတည်း အသုံးမပြုဘဲ အဖွဲ့အစည်းဌာနတွေဆီ ခွဲဝေသုံးစွဲနေတာကြောင့် ငွေခေါင်းကွဲနေကြောင်း မာဝီက ပြောပါတယ်။

“ကာကွယ်ရေးအတွက် ရရှိတဲ့ ငွေသိန်း ၄သောင်းက AK ကျည် ၄သိန်းဝယ်လို့ရတယ်။ ဒီမလာခင် စစ်တပ်တပ်ရင်းတစ်ခုကို ကျနော်တို့ သိမ်းတယ်။ AK ကျည် ၁သိန်းကျော်ပဲ ကုန်တယ်။ တပ်ရင်းတစ်ရင်းကို ပျှမ်းမျှ AK ကျည်တစ်သိန်းနဲ့ သိမ်းလို့ရတယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ အဲ့တော့ ကာကွယ်ရေးအတွက် တစ်လရတဲ့ငွေက ကျည် ၄သိန်း ဝယ်လို့ရတယ်ဆိုရင် အနည်းဆုံး တပ်ရင်း ၂ရင်း ၃ရင်းလောက်ကို သိမ်းလို့ရတယ်။ ဒါပေမယ့် အဲ့ဒါကို တစုတစည်းတည်းမသုံးဘဲ ဘယ်ဌာနက ဘယ်နှရာခိုင်နှုန်း၊ ဘယ်အဖွဲ့က ဘယ်နှရာခိုင်နှုန်းဆိုပြီး ခွဲဝေနေမှတော့ ငွေတွေခေါင်းကွဲပြီး ဘယ်တပ်ရင်းမှ မသိမ်းနိုင်ဘဲ ဖြစ်ရတယ်။ ဒီအပေါ် လူထုအနေနဲ့ များများတွန်းအားပေးဖို့လိုပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ အကြမ်းဖက်စစ်ကော်မရှင်က ကရင်နီအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို ပြန်လည်ရရှိဖို့ အရှိန်မြှင့်ကြိုးစားလာနေတာကြောင့် စစ်တပ်ကိုအနိုင်ရဖို့ စည်းလုံးသင့်ကြောင်း၊ ရင်းမြစ်တွေကို ပုံအောသုံးသင့်ကြောင်း ပြောဆိုထားပြီး ကရင်နီပြည်နယ်အတွင်း အဖွဲ့အစည်းစွဲတွေများနေတဲ့အပေါ်လည်း ထောက်ပြပြောဆိုခဲ့ပါသေးတယ်။

(ဓာတ်ပုံ Karenni Community Chiangmai Thailand)

” ကျနော်တို့မှာ သတ္တိ၊ ငွေ၊ လုပ်နိုင်စွမ်းတွေရှိပေမယ့် ဘာလို့မအောင်သေးလဲဆို Organizational Centrate (အဖွဲ့အစည်းဗဟိုပြု) တာအရမ်းများနေလို့ပါ။ အဲ့အတွက် ကျနော်တို့ ခင်ဗျားတို့ တာဝန်ရှိတယ်။ စစ်မိစ္ဆာတွေကို အလဲထိုးနိုင်ဖို့ကြိုးစားမယ်။ ဒီနေ့အထိ စစ်ကောင်စီက ဖရူဆို အထိ စစ်ရိက္ခာကားတွေ ရောက်နေပြီ။ ၁လေးလုံး မစခင်အခြေအနေကို ပြန်ရောက်သွားသလိုပါ။ ကျနော်တို့အများကြီးအလုပ်လုပ်ပြီး ပြန်တိုက်ယူရမယ်h အခြေအနေပါ။” လို့ ပြောပါတယ်။

ဒီအတွက် ပြည်ပရောက် ကရင်နီလူငယ်တွေအနေနဲ့လည်း ကရင်နီပြည်ရဲ့ အခြေအနေတွေကို မေ့ဖျောက်ကာ New Normal ဖြစ်မသွားဖို့နဲ့ ရင်ထဲခေါင်းထဲ တော်လှန်ရေးစိတ် အမြဲတမ်းရှိသွားဖို့လိုအပ်ကြောင်း သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကော်မရှင်က မကြာခင်လုပ်ဆောင်တော့မယ့်အတုယောင်ရွေးကောက်ပွဲအတွက် ကရင်နီပြည်နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားရာ နေရာတွေဆီ အင်အားသုံးစစ်ကြောင်းတွေ ဖြန့်ထိုးနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းပိုင်းကို စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

တဆက်တည်းမှာပဲ ရှမ်းနဲ့ကရင်နီအစပ် မိုးဗြဲနဲ့ဖယ်ခုံမြို့နယ်တွေမှာ PNO ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုကနေ ဖရူဆိုဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ယာဥ်တန်းဟာလည်း ဖရူဆိုမြို့နဲ့ အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းကိုရောက်ပြီး ဘောလခဲဘက် ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲပြင်းထန်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်နေ့မှာ KNDF က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အငြိမ်းစား ကျောင်းဆရာမကြီး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ဖားလေးကွင်း (မြောက်စု) ကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကံမမြို့နယ်တွင် စစ်အုပ်စုနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရမှုကြောင့် PDF ၁ ဦး သေဆုံး

မကွေးတိုင်း၊ ကံမမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ရဲဘော် ၁ ယောက် အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်၊ ဗျူဟာမှူးအပါ စစ်သုံ့ပန်းများနှင့် လက်နက်ကြီးပါ ရရှိ

ဘီးလင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း အယောက် ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးမှု ရှိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။