ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့လည်း အကြမ်းဖက် စစ်ကော်မရှင်က ကျင်းပပြုလုပ်ဖို့ ထုတ်ပြန် ကြေညာထားတဲ့ တရားမဝင်ရွေးကောက်ပွဲကို (လုံးဝ) လက်မခံဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ တိုက်တွန်းတောင်းဆိုထားတဲ့စာကိုလည်း အထက်လွှတ်တော်ဥက္ကဌ မစ္စတာကွန်ဒိုဆိုအိခ် (Mr. Kondo Soichi) ကို တရားဝင်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ညီလာခံ တက်ရောက်ခဲ့တဲ့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေကလည်း စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲဆိုင်ရာ သံသယဖြစ်ဖွယ် အချက်အလက်တွေ၊ စစ်ကော်မရှင်က သူတို့အာဏာတည်မြဲရေးအတွက်ကိုသာ ဦးစားပေး ဆောင်ရွက် နေပုံတွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နိုင်ငံတကာရဲ့ သဘောထားနဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်၊ အာဏာသိမ်းခဲ့ချိန်ကစလို့ အခုချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်ကျုးလွန်မှုတွေ၊ အပြစ်မဲ့ ပြည်သူတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်နေမှုတွေ စတာတွေ အကိုးအကား၊ သက်သေတွေနဲ့အတူ သက်ဆိုင်ရာ အကြောင်းအရာတွေကို တိကျပြတ်သားစွာ တင်ပြဆွေးနွေးခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာအပါအဝင် ၄၁ နိုင်ငံကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ဖွယ်ရှိ

အမေရိကန် ထရမ့်အစိုးရက တားမြစ်ချက်အသစ်ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ကြောင်း အဆိုပါကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ Reuters က မြင်တွေ့ရတဲ့ လှို့ဝှက်မှတ်စုတခုကို ကိုးကားပြီး Reutres သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုရီးယားရောက် မြန်မာများ တွေ့ဆုံ၊ တော်လှန်ရေးကို NUG ပြတ်ပြတ်သားသား ဦးဆောင်ရန် လူထုက တိုက်တွန်းကြောင်း ထုတ်ပြန်

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ တွေ့ဆုံခဲ့ကြပြီး NUG အနေနဲ့ တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ လူထုက တိုက်တွန်းခဲ့‌ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့အကြမ်းဖက်မှုအား ရှုံ့ချကြောင်း အာဆီယံ ထပ်မံထုတ်ပြန်ရန်ရှိ

အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။ 
Read More

ရုရှားမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ထရမ့် တိုးမြှင့်

ရုရှားနိုင်ငံကနေ ရေနံတင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

အမေရိကန် အာမခံကုမ္ပဏီ Chubb မြန်မာကနေ ထွက်ခွာတော့မည်

အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းအာမခံလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Chubb Life Insurance အာမခံကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ ၎င်းတို့ရဲ့ လုပ်ငန်းတွေကို အပြီးတိုင်ပိတ်သိမ်းပြီး ထွက်ခွာရန် စီစဉ်နေပြီလို့ သိရပါတယ်။ ၁၇၉၂ ခုနှစ်ကတည်းက နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ဝန်ထမ်းအင်အား သုံးသောင်းကျော်နဲ့ လည်ပတ်နေတဲ့ Chubb ဟာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံမှာ အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။