ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တောင်ကျရေကျဆင်းမှုကြောင့် မယ်ဆိုင်ချောင်းရေတက်လာပြီး ယနေ့နိုဝင်ဘာ ၁ ရက်မှာ တာချီ လိတ်မြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့  တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က)၊ (ခ) ရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ရဲ့ စိုးရိမ်ရေမှတ် ၃၉၀ စင်တီမီတာထက်ကျော်လွန်နေပြီး ၁ပေခန့်မြင့်တက်နေကာ နောက်တစ်ရက်အတွင်း ၃ပေခန့်မြင့်တက်လာနိုင်ကြောင်း မိုးဇလဦးစီးဌာနက ယနေ့နံနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မန္တလေးတုင်း မြင်းခြံခရိုင် ငါးဇွန်နဲ့ မြို့သာအကြား စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)ထံမှ သိရပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်အနုပညာရှင် ခါရာ တိုက်တွန်း (ရုပ်/သံ)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြည်သူတရပ်လုံး အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ တော်လှန်အနုပညာရှင် ခါရာက တိုက်တွန်းလိုက်ပါတယ်။ ဒီနှစ် လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်ဟာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ဖြစ်ပြီး အဲဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားတာ ဖြစ်ပါတယ်။
Read More

ကန်ပိုက်တီးနယ်စပ်ဂိတ်နဲ့ ဌာနဆိုင်ရာတွေမှာ KIA အလံကိုလွှင့်ထူ (ရုပ်/သံ)

ကန်ပိုက်တီမြို့နဲ့ တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်း အပါအဝင် ဌာနဆိုင်ရာတွေမှာ KIA က ကချင်အမျိုးသားအလံတော် ကိုလွှင့်တင်လိုက်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

လွတ်လပ်ရေးနေ့မှာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းကို လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် ယနေ့နံနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်ခဲ့ရာ ၁၀ လုံးကို အောင် မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ လက်နက်စက်ရုံ ကပစ- ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၅ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ- ၁၃ ကို ဧပြီ ၂၅ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Warriors for Myanmar မှ သတင်းထုတ်ပြန်ထားပါတယ်။