မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဟန်ရေးပြ စစ်ရေးလှုပ်ရှားတဲ့အနေနဲ့ စက်တင်ဘာလ တစ်လအတွင်း ကျေးရွာတွေကို ၈ ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၃၀ ရက် မနေ့ မနက်အစောပိုင်းကလည်း ထီးလင်းမြို့ပေါ်ကနေ အင်အား ၁၀၀ ကျော်နဲ့ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မြို့နဲ့ ၅မိုင်အကွာမှာရှိတဲ့ ကျေးရွာတွေကို ဦးတည်လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကြောင်းမှာ တပ်မ ၅၅ လက်အောက်ခံ စစ်သားတွေအပြင် ပျူစောထီးနဲ့ ရဲတွေလည်း ပါတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ကွမ်းဇဲနဲ့ အုန်းထွဲရွာတွေကို ဖြတ်ကျော်ကာ ဝါးရင်းချိုင်ရွာကို ဦးတည်ဟန်ပြရင်း ကျားခဲရွာကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ရွာထဲက အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ပြီး အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ထီးလင်းမြို့ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ယောဒေသအခြေစိုက် ယောအလင်းတန်းကတော့ ထီးလင်းမြို့နယ်အတွင်း ထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေဟာ ဟန်ပြရွှေ့လျားနေတာဖြစ်ပေမယ့် အရပ်သားတွေ ကြိုတင်သတိရှိဖို့ လိုတယ်လို့ သတိပေးထားပါတယ်။

“ဒီလထဲ သူတို့တွေ ခပ်စိပ်စိပ် စစ်ကြောင်းထွက်တယ်ဗျ။ ၇ ကြိမ်၊ ၈ ကြိမ်လောက် ရှိပြီ။ ထူးခြားတာက ရွာတစ်ရွာဝင်ပြီးရင် အရင်လို တစ်ရက်နှစ်ရက်နေတာမျိုးမဟုတ်ဘဲ ၁၅ မိနစ် မိနစ် ၃၀ လောက်ပဲ နေတယ်။ ပြန်တယ်ပေါ့။ အထက်အမိန့်အရ မဖြစ်မနေ စစ်ကြောင်းထိုးရတာမျိုးလို့တော့ ကြားပါတယ်” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ထီးလင်းမြို့နယ် အရှေ့ခြမ်းနဲ့ ပေါက်မြို့နယ် အနောက်ခြမ်း ပုံတောင်တစ်နေရာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ထီးလင်းမြို့နယ်အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ လုပ်ဆောင်မယ့် မြို့နယ်ထဲ မပါဝင်ပေမယ့် ထိစပ်နေတဲ့ ဂန့်ဂေါမြို့မှာတော့ စစ်အုပ်စုက ရွေးကောက်ပွဲလုပ်ဆောင်ဖို့ရှိနေပြီး ရပ်ရွာရုံးတွေကို စစ်သားနဲ့ရဲတွေ လုံခြုံရေးချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ထီးလင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ မောချောင်းရေမြင့်တက်ပြီး ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်အောင် တိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေ ကြိုဆို

ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းမဲပေါက်လို့ စစ်တပ်ထဲ ဝင်ခဲ့ရသည့် တပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်လာ

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းအတွက် မဲပေါက်ပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပေမယ့် အခုတော့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် ရှိ ကျေးရွာ ၂ ရွာကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာရ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။