ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉)ရက် မနက်ပိုင်းမှာ ဒေသခံအမျိုးသား ၁ ယောက်က မီးသင်္ဂြိုဟ်ပြီးတဲ့ရုပ်အလောင်းရဲ့ပြာတွေကို မြို့ အနောက်ဘက်ဆီ သွားစွန့်ပစ်ရာ မိုင်းတစ်လုံးကို နင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နေ့လည်ပိုင်းမှာလည်း ဒေသခံလူငယ် အမျိုးသား ၁ ယောက်ဟာ သုသာန်ကွင်းပြင်မှာ နွားသွားရှာနေချိန် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခင်းနေရာဆီကို ပရဟိသလူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ခဲ့ပြီး သေဆုံးသွားတဲ့ အမျိုးသား (၂) ယောက်ကို မီးသင်္ဂြိုလ်ဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁)ရက်ကလည်း ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား(၂) ယောက်ဟာ ဆိုင်ကယ်နဲ့ အိမ်ကို ခေတ္တပြန်ချိန် လမ်းမပေါ်ရှိ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်အဖြစ် ရဲအောင်သန်း အာဇာနည်နေ့ တက်ရောက်လာမှုကို ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က တရားဝင် ကန့်ကွက်

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ပြုလုပ်ခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုဝင် ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူ ရဲအောင်သန်းဆိုသူ တက်ရောက်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က လူမှုကွန်ရက်ကတဆင့် မနေ့က တရားဝင် ကန့်ကွက်ထားပါတယ်။
Read More

မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA နဲ့ Ta'ang Women's Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ရန်ကုန် မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂ လုံးပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲခဲ့တယ်လို့ Civilian Military SRDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ဦး လက်နက်ယူဆောင် အလင်းဝင်လာခဲ့

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၃ ယောက်ဟာ လက်နက်အချို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။
Read More

ရှော့တိုက်ဒုံးများ ပစ်ခတ်ခံရမှုကြောင့် ရေတာရှည်ရဲစခန်းနှင့် ကြံ့ခိုင်ရေးရုံး ထိခိုက်ပျက်စီး၊ လူ ၃၀ ထက်မနည်း ထိခိုက်သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းအပါအဝင် စစ်အုပ်စု လက်ပါးစေရုံးတွေကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အယောက်၃၀ထက်မနည်း ထိခိုက်သေဆုံးပြီး ရဲစခန်းနဲ့ ကြံ့ခိုင်ရေးရုံး ထိခိုက်ပျက်စီးသွားကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။