ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၉ ရက် မနေ့က ညပိုင်းမှာ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု လက်အောက်ခံ ရဲတွေ ထိခိုက်မှု ရှိနိုင်ပြီး အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် အတုအယောင်ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်လှုပ်ရှားနေပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်နေတဲ့ ဗဟန်းရဲတပ်ဖွဲ့ကို Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Operation Flame အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင် ပြုလုပ်ဖော်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံမှာ မဟုတ်ဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်အားလုံးနဲ့ အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အာဆီယံဘုံသဘောတူညီချက်ကို ဂရုမစိုက်ဘဲ အရပ်သားများကို တိုက်ခိုက်နေသည့် စစ်ကောင်စီကို အရေးယူရန် အထူးလိုအပ်လာပြီဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အာဆီယံကို တိုက်တွန်း

အာဆီယံဘုံသဘောတူညီချက်ကို မလိုက်နာဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအနေနဲ့ အရေးယူဖို့ အထူးလိုအပ်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ် - ၁၁/၂၀၂၅" မှာ ပြောကြားလိုက်ပါတယ်။
Read More

တိုင်းဗဟိုအမှတ် (၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်း ၄ ဦး ထွက်ပြေးအလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ပုလောမြို့နယ် (လယ်မူလားမြို့နယ်) မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား ၄ယောက် KNLA တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်နဲ့ ပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ တရုတ်ပိုင် စက်ရုံ ၂ ခုကို ဖောက်ခွဲတိုက်ခိုက်

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအပေါ် ဖိနှိပ်ခေါင်းပုံဖြတ်တာတွေ များလာတဲ့ ရန်ကုန်တိုင်းထဲက တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ခုကို မိုင်းခွဲသတိပေးခဲ့ကြောင်း The Grand Unsung အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အို ၃ ဦး အအေးမိ သေဆုံး

မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲနှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် သံဃာတော် (၁) ပါး ပျံလွန်၊ ပြည်သူ (၆) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၁) ပါး ပျံလွန်တော်မူခဲ့ပြီး အရပ်သား (၅) ယောက်နဲ့ အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းက စစ်ကောင်စီအထိုင်ချတပ်စွဲထားတဲ့နေရာတွေကို တပြိုင်နက်တည်းတိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ သုံးခုကို တော်လှန်ရေးအင်အားစုတွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်းက မောင်းကို အတည်ပြုပြောဆိုပါတယ်။