ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းစုဆောင်းကာ အပူစာတွေနဲ့ စီးပွားရေးအဆင်ပြေနေကြကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရွှေတောင်မြို့နယ်အတွင်း စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတွေဟာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းအင်အားဖြည့်တင်းပေးရာမှာ သမာရိုးကျ မဲနှိုက်ခိုင်းတာအပြင် စစ်တပ်နဲ့ပေါင်းပြီး စစ်မှုထမ်းလူစားထိုး စျေးကွက်ဖန်တီးတာ၊ လစဥ်ကြေးကောက်ခံတာမျိုးတွေနဲ့ စီးပွားဖြစ်နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရွှေတောင်မြို့နယ်အတွင်းက ကျေးရွာအုပ်စုတွေကို တစ်လတစ်အုပ်စုနှုန်းနဲ့ စစ်မှုထမ်းမဲနှိုက်ခိုင်းထားပြီး လူ၃ယောက် တောင်းခံထားသလို မဲနှိုက်ရာမှာလည်း ကာယကံရှင်ထက် အာဏာပိုင်ဆိုသူတွေကပဲ နှိုက်ပေးတာဖြစ်တယ်လို့ ရွှေတောင်ပကဖက ပြောပါတယ်။

“မဲနှိုက်တယ်ဆိုပေမယ့်လည်း အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက သူတို့ဘာသာ ထည့်ချင်တဲ့သူကို မဲပေါက်တယ်ဆိုပြီး ခေါ်တာပါ။ ပြည်သူတွေ နှိုက်ရတာမဟုတ်ပါဘူး။ အဲ့လိုနည်းနဲ့ တစ်လကို ၃ယောက်ခေါ်တာပေါ့။” လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ရပ်ရွာတွေထဲ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတာမျိုး မရှိရအောင် ကျေးရွာတွေဟာ လစဥ်ကြေး ၂သောင်း ပေးဆောင်နေရသလို ရာအိမ်မှူးအိမ်အရောက် သွားရောက်ပေးဆောင်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ကိုယ့်ရွာကို လာမဆွဲဖို့ လစဥ်ကြေး ထည့်ရတဲ့သဘောပါ။ ဒါတောင် အိမ်လိုက်မကောက်ဘူး။ ရာအိမ်မှူးအိမ်သွားပေးရတဲ့ ရွာအုပ်စုတွေရှိတယ်။ NLD လက်ထက်ကတည်းက ရာအိမ်မှူးဖြစ်နေတဲ့သူပါပဲ။
ပုံစာ – အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေများ စစ်ဆေးရေးလုပ်နေစဥ် (ပုံဟောင်း)
လစဥ်ကြေးပေးထားပြီးတာတောင် အလှည့်ကျ မဲနှိုက်ရလို့ မဲပေါက်ရင်လည်း စစ်မှုထမ်းလိုက်ရတယ်။ မလိုက်နိုင်ရင် သိန်း ၈၀လောက်အထိ တောင်းပါတယ်။” လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုလက်ပါးစေတွေဟာ စစ်မှုထမ်းကိစ္စအကြောင်းပြပြီး အရပ်သားတွေဆီက နည်းလမ်းမျိုးစုံနဲ့ ငွေကြေးရယူရင်း တိုက်ဆောက်၊ ကားဝယ်အထိဖြစ်လာပေမယ့် အရပ်သားတွေကတော့ မြို့ထဲကနေ မြို့ပြင်ထွက်ခွင့်တောင်မရဘဲ ရှိနေတယ်လို့သိရပါတယ်။

စစ်အုပ်စုလက်ပါးစေတွေကြောင့် ရွှေတောင်မြို့နယ်အတွင်းက အသက် ၁၈နှစ်ကနေ ၂၀ ကျော်အရွယ် လူငယ်တွေ စစ်မှုထမ်းပစ်မှတ် အများဆုံး ဖြစ်နေကြပြီး ရှောင်ပြေးမရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်း ရွှေတောင်ပကဖက ထုတ်ပြန်ပါတယ်။

ရွေတောင်မြို့နယ်ဟာ ကျေးရွာအုပ်စုပေါင်း ၅၁စု၊ ရွာပေါင်း ၂၀၀ ကျော်ရှိပြီး ပြည်မြို့အခြေစိုက် စစ်တပ် တပ်ရင်းတွေကြားမှာ ရှိနေတာဖြစ်ပါတယ်။

“ရွှေတောင်မြို့က စစ်တပ်တွေရဲ့ ကြားထဲမှာရှိတာပါ။ ကျနော်တို့ အလုပ်လုပ်ဖို့ ခက်ခဲနေတာပါ။ ဒါပေမယ့် မကြာပါဘူး။ မြို့မှာ ပြန်ပြီးအလုပ်လုပ်နိုင်ဖို့ စီစဉ်နေပါတယ်။ စစ်အုပ်စုလက်ပါးစေတွေကလည်း ကျနော်တို့မလာသေးလို့ ဆိုးချင်တိုင်းဆိုးနေတာပါ။” လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရွှေတောင်မြို့နယ်အတွင်း အခုလို စစ်အုပ်စုလက်ပါးစေ ရပ်ရွာအာဏာပိုင်တွေနဲ့ စစ်တပ်တို့ပေါင်းပြီး စစ်မှုထမ်း အကြောင်းပြ လူငယ်တွေကို ရောင်းကုန်အဖြစ်သဘောထားနေမှုကြောင့် ထွက်ပြေးခိုလှုံလာသူတွေကိုလည်း ရွှေတောင်ပကဖ က လက်ခံထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးက အခြေအနေဆိုးရွားတဲ့ နေရာများတွင် တရုတ်နှင့် အိန္ဒိယကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များ စတင်နေ

မြန်မာပြည်ကို ရောက်ရှိလာတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမှာ စတင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေလက်မခံတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် စစ်အုပ်စု ကြေညာ

ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေတဲ့အကြား စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်ဖြစ်စေမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ်လို့ ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။
Read More

၂၀၂၅ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ စစ်ရေးအရှိန် ပိုမိုမြှင့်တင် လုပ်ဆောင်လာနိုင်ဟုဆို

ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတဲ့ ပကဖ တပ်ဖွဲ့ဝင်တွေအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းက အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်တယ်လို့ ပကဖအသံ က သတင်းထုတ်ပြန်ပါတယ်။
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

ဆိုင်ကယ်နှင့် သွားလာလှုပ်ရှားနေသည့် စစ်အုပ်စု စောင့်ကြိုပစ်ခတ်ခံရပြီး ၄ ဦး သေ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။