ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းခဲ့ရတဲ့ တော်လှန်ရေး ထောက်ပို့ရဲဘော်ဟောင်းတစ်ယောက် လက်နက်ခဲယမ်းနဲ့တကွ ပြန်လည်အလင်းဝင်ရောက်လာတယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းထံက သိရပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမင်တံတားဂိတ်မှာ တာဝန်ကျနေတဲ့ ခလရ (၂၅၄) တပ်သား ကိုထက်မြတ်ထွန်းဟာ စက်တင်ဘာ ၂၀ ရက်နေ့မှာ MA 2 သေနတ် ၁လက်၊ ကျည်ဘောက် ၃ခု၊ ဘောက်ဝိုင်း ၁ခု၊ လက်ပစ်ဗုံး ၁လုံး၊ ၅.၅၆ ကျည် ၁၄၅ တောင်တို့ကို ယူဆောင်ကာ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။ လက်နက်ခဲယမ်းတွေ ယူဆောင်လာတဲ့အတွက် ကိုထက်မြတ်ထွန်းကို ကျပ် သိန်း ၁၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေး ထောက်ပို့ရဲဘော်ဟောင်းတစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်ထွန်းဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက ပေါ်တာဆွဲခံရပြီး ပြင်ဦးလွင်-မန္တလေးကြား မန္တလေးစုဆောင်းရေးတပ် ၉၀၁ မှာ ၃လ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အဲဒီနောက် ကိုထက်မြတ်ထွန်းဟာ တောင်ကြီး ဟိုပုံးမြို့မှာ ၆လ သင်တန်းတက်ခဲ့ရပြီး ပခုက္ကူ တပ်မ (၁၀၁) ကို ရောက်ရှိခဲ့ကာ အဲဒီကနေတဆင့် ခလရ (၂၅၄) ကို ထပ်မံပို့ဆောင်ခံရပြီး နွယ်တမင်တံတားမှာ တာဝန်ကျနေချိန် ထွက်ပြေးအလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

“သူ့ညီနဲ့ ချိတ်ဆက်ပြီး အခွင့်သာတာနဲ့ လက်နက်နဲ့ အလင်းဝင် ထွက်ပြေးဖို့ ချိတ်ဆက်ထားတာ၊ စလင်းတပ်နယ် ခလရ ၂၅၄ ကို ရောက်တဲ့အချိန်မှာ တာဝန်ကျ၊ ဆင်ဖြူကျွန်းမြို့ နွယ်တမင်တံတားမှာ တာဝန်ကျခဲ့ပြီး သူ့ညီနဲ့ ချိတ်ဆက်၊ သူ့ညီကတဆင့် ကြားခံတစ်ယောက်က နယ်မြေခံတပ်ရင်းဖြစ်တဲ့ မင်းဘူးရင်း ၅ က တာဝန်ရှိသူတစ်ဦးကို ချိတ်ဆက်ခဲ့တာပါ” လို့ အထက်ပါ တာဝန်ရှိသူက ပြောပြပါတယ်။

လက်ရှိမှာ ကိုထက်မြတ်ထွန်းဟာ ဇာတိနယ်ကို ပြန်ပြီး သူ စစ်သင်တန်းတက်နေချိန် ဆုံးပါးသွားခဲ့တဲ့ မိခင်ရဲ့ အုတ်ဂူကို သွားရောက်ကန်တော့ပြီးတဲ့နောက် သူ့နယ်မြေမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာမှာ နေထိုင်တဲ့ ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး နိုင်ဦးဆိုသူဟာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ ငရှည့်ရိုးရွာ အလှူမှာ ရောက်ရှိနေတယ်လို့ သတင်းရရှိတာကြောင့် သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ထံက သိရပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF ထုတ်ပြန်၊ စစ်ကောင်စီအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာမှုတွေ ရှိနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆တပ်ရင်း၏ အနောက်ဘက်တွင် လေယာဉ်ကွင်းဖောက်ဖို့ဆိုပြီး လူနေအိမ်များကို ပြောင်းရွှေ့ခိုင်းနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်း (ခလရ ၃၆) အနောက်ဘက်မှာ လေယာဥ်ကွင်းဆောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူတွေ အခုရက်ပိုင်းအတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ ထိခိုက်သေဆုံးမှု များပြားလာကြောင့် စစ်မှုထမ်းဆင်း လူငယ်တွေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ဖယ်ခုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံ ၇ ယောက် သေဆုံးခဲ့…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် - ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။