ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက်စစ်ကော်မရှင်က စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြားသေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ကွက်အတွင်း လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေ အပါအဝင် ပြည်သူ ၈ ယောက်သေဆုံးကာ ကျောင်းက ပြန်လာတဲ့ ကလေးငယ် ၂ ယောက်လည်း အပြင်းအထန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဆဒုံးမြို့ကို KIA က ၂၀၂၄ ခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူတွေ ငြိမ်းချမ်းစွာ သွားလာနေထိုင်နေတဲ့ မြို့ဖြစ်ပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်း လင်းယောခင်ရွာမှာ ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၅ ယောက် သေ (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဂိတ်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို PDF ရဲဘော်တွေက ကယ်ထုတ်နေကြတဲ့ ဗီဒီယိုဖိုင်ကို Budalin Defense Force မှ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအကြမ်းဖက်စစ်တပ်က ဘုတလင်မြို့နယ် ဇီးတောရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့အ တွက် ဘုတလင်မြို့နယ်ထဲက အရှေ့ကံ၊ ဇီးတော(န)ရွာ၊ သရက်တိုရိုးရွာ၊ ရွှေချောင်းလည်ရွာ စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသထဲက မြို့နယ် ၁၁ မြို့နယ်ထဲမှာ ဘုတလင်မြို့နယ်လည်း ပါဝင်နေပါတယ်။
Read More

မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနိုင် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။
Read More

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)
Read More

ဆီမီးထွန်းရင်း အမှောင်တိကျခဲ့ရသည့် ချောင်းဦးဖြစ်စဉ်က အပြစ်မဲ့ပြည်သူများ (ရုပ်သံ)

‎ပြီးခဲ့တဲ့ ၂၀၂၅၊ အောက်တိုဘာလ ၆ ရက်သီတင်းကျွတ် လပြည့်ည၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာတရွာမှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရိုးရာမပျက် ဆင်နွှဲရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။
Read More

ပွင့်ဖြူ အနီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ထိတွေ့တိုက်ပွဲဖြစ် (ရုပ်/သံ)

ပွင့်ဖြူမြို့နယ် ကျွဲခြံ/လယ်မရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မင်းဘူးခရိုင် အမှတ်(၄) တပ်ရင်းက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း မောင်းကို အတည်ပြုပြောဆိုပါတယ်။