ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်ခရိုင် နမ့်တစ်မြို့ရှိ ရွှေဆိုင်မှာ မြေအောက်လှိုဏ်ဂူတူးပြီး ရွှေခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်လူမျိုးပိုင်ဆိုင်တဲ့ ရွှေဆိုင်ဖြစ်တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ CCTV မှတ်တမ်းအရ အပြင်တစ်နေရာကနေ ရွှေဆိုင်ထဲကို လှိုဏ်ဂူတူးဖော်ကာ ခိုးယူသွားတာဖြစ်ပြီး ဒီဖြစ်စဉ်မျိုးက ဖြစ်ပွားဖူးခြင်းမရှိဘဲ ရုပ်ရှင်ဇာတ်ကား တွေမှာသာ တွေ့ဖူးတဲ့ ဇာတ်ဝင်ခန်းမျိုးနဲ့ ဆင်တူတယ်လို့ ဝေဖန်သုံးသပ်သူတွေ ပြောဆိုနေကြပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

ဒေါက်တာဇော်မြင့်မောင် စျာပနလိုက်ပါပို့ဆောင်သူတွေကို စစ်ကောင်စီလက်အောက်ခံတွေ ပူးပေါင်းပြီး တားဆီးပိတ်ပင် (ရုပ်/သံ)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးစျာပနကို လိုက်ပါပို့ဆောင်ကြသူတွေကို စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ၊ ရဲ၊စစ်သားနဲ့ပျူစောထီးတွေ ပူးပေါင်းပြီး တားဆီးပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။
Read More

အမှတ် ၂ စစ်ဒေသခွဲ တိုင်းစစ်ဌာန(ရန်ကုန်) P25102 တပ်ရင်းက သင်တန်းသားရဲဘော်တွေရဲ့ ပုံရိပ်များ (ရုပ်/သံ)

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ရန်ကုန်) P25102 တပ်ရင်းမှာ အခြေခံစစ်ပညာတက်ရောက်သင်ယူနေတဲ့ ရဲဘော်တွေရဲ့ ပုံရိပ်ကို အိမ်ပြန်လမ်းပေါ်က ခြေလှမ်းများခေါင်းစဉ်နဲ့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားပြီး အရာရှိအပါအဝင် စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း နိုဝင်ဘာလကစတင်ကာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘူဂေးရီးယားနိုင်ငံမှာ မိုးအပြင်းအထန်ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၃ ယောက်သေဆုံး (ရုပ်/သံ)

ဘူဂေးရီးယားနိုင်ငံ Black Sea ကမ်းရိုးတန်းရှိ Elenite ခရီးသွားမြို့မှာ အောက်တိုဘာ ၃ ရက်က မိုးအပြင်းအထန်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး လူ ၃ ယောက်သေဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေက အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး ဒုက္ခသည်စခန်းများဖွင့်လှစ်ကာ ပြည်သူများ နေထိုင်ရေး အဆင်ပြေစေဖို့ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ မိုးဆက်လက်ရွာသွန်းနိုင်ပြီး ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း မိုးလေဝသပညာ ရှင်တွေက ခန့်မှန်းထားပါတယ်။
Read More

ကရင်နီရှေ့တန်းစစ်မြေပြင်မှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်များ

ကရင်နီရှေ့တန်းစစ်မြေပြင်မှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(UOC) က တော်လှန်ရေးရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ၏ မောရအောင်သံ တော်လှန်သံချပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောင်းသားများသမဂ္ဂက မောရအောင်သံအမည်နဲ့ တော်လှန်သံချပ်ထိုးခဲ့ပါတယ်။