“ရှမ်းမန်း စစ်ဆင်ရေး” နှင့် “၁၀၂၇ စစ်ဆင်ရေး – အပိုင်း (၂)” မှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့တယ်လို့ BLDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေး ၂ ခုအတွင်း ရဲဖော်ရဲဘက်အဖြစ် အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အခုလို “ဂုဏ်ပြုမှတ်တမ်းလွှာ” ပေးပို့ခဲ့တာဖြစ်ပြီး ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံရရှိကြောင်း BLDF က ဆိုပါတယ်။

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) အနေနဲ့လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်‌ချေမှုန်း‌ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့အတူ ရဲဖော်ရဲဘက် မဟာမိတ်‌ကောင်းပီသစွာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို အခုထက်ပိုမိုပြီး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေဟာ ရှမ်းမန်းစစ်ဆင်ရေးအတွင်း မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မတ္တရာမြို့နယ်အစပ်အထိ စစ်ချီနိုင်ခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက် ဒဏ်ရာရခဲ့လို့ လာမယ့် One Championship ပွဲစဉ်လွဲချော်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Read More

ယောဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထုနဲ့ ဆောတို့မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ယောဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

လာမည့် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်တွေရှိနိုင်လို့ ပြည်သူတွေ သတိပြုနေထိုင်ဖို့ စစ်ကောင်စီ ကြေညာ

လာမယ့် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ပြည်သူတွေ ဘေးလွတ်ကင်းရာနေရာတွေမှာ ပြောင်းလဲ နေထိုင်ကြဖို့ စစ်ကောင်စီက အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် ပျူရွာ ဘန်ကာအနီးထိ တော်လှန်ရေးတပ်များ ပြောက်ကျားဝင်ပစ်ရင်း တိုက်ပွဲဖြစ်၊ ပျူစောထီး ကင်းမှူး ၁ ဦး သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်း က သရက်ကန် ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ ပျောက်ကြား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်ပျူစောထီး ၁ယောက် သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် ဖမ်းခေါ်သွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာ ရွာသူကြီးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။