စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်တို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရေဦးမြို့နယ် ဖန်းခါးဇင်ရွာ၊ တန့်ဆည်မြို့နယ် ရွာတချို့နဲ့ ရေဦး-တန့်ဆည်အစပ်က ကျေးရွာတချို့ကို စစ်တပ်က စက်တင်ဘာ ၂၉ရက် မနေ့ နေ့လယ် ၂နာရီကျော်လောက်မှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ညနေပိုင်းလောက်မှာ နမခ ကနေ Gyrocopter ၃စီး တက်လာတယ်။ အဲဒီဖန်းခါးဇင်ဆိုတဲ့ ကျေးရွာမှာ ဗုံးသီး ၄လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တယ်။ နောက်ပြီးတော့ တန့်ဆည်တောင်ဘက်ခြမ်းက ကျေးရွာ ၂ရွာကိုလည်း ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်” လို့ ရေဦးအနောက်ခြမ်း သတင်းတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) မောင်းကို ပြောပါတယ်။
ဖန်းခါးဇင်ရွာကို တိုက်ခိုက်မှုမှာတော့ ကျေးရွာအတွင်း ဘုန်းကြီးကျောင်း ၂ထပ်ဆောင် ပျက်စီးသွားပြီး ဘုန်းကြီးကျောင်းထဲမှာ ရှိနေတဲ့ လူလတ်ပိုင်း အမျိုးသမီး တစ်ယောက်လည်း နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“၃စီးလုံးက ၂ မြို့နယ် ချုပ်စပ်နေရာလို့ပဲ ပြောရမယ်ပေါ့။ အဲ့လိုရွာတွေကို နေရာခွဲပြီးတော့ တိုက်ခိုက်တာဖြစ်တယ်။ တန့်ဆည်ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ သိထားရတယ်။ ပြီးတော့ အခုလာကြဲသွားတာက ဘာတိုက်ပွဲမှ မရှိနေဘဲ သက်သက်ကို လာကြဲသွားတာဖြစ်တယ်”လို့ ကိုထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။

တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ Gyrocopter ၃ စီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ရက်ကမှ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ နမခကို ရောက်ရှိလာပြီးနောက် ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်တွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ငါ့သရောက်တွင် စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်အုပ်စု ကြားဖြတ်တိုက်ခံရပြီး ၇၀ ကျော် သေကာ စစ်ကြောင်းလိုက် ပြုတ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၇၄ ယောက်အထိ သေဆုံးပြီး စစ်ကြောင်းပျက်စီးသည်အထိ ချေမှုန်းနိုင်ခဲ့ကြောင်းက သိရပါတယ်။
Read More

ထန်တလန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့…
Read More

ဧရာဝတီ PDF ရဲ့ အပတ်စဥ် ၆ စစ်သင်တန်းသား အသစ်တွေ ခေါ်ယူ၊ အမျိုးသမီး စစ်မေတွေကို အဓိက အလေးထားခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။
Read More

ရာမညမွန်တပ်တော်-RMA နှင့် TNLA တို့ မဟာမိတ်အဖြစ် ပူးပေါင်းတော်လှန်မည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ “ရာမညမွန်တပ်တော်- RMA” နဲ့အတူ တော်လှန်ရေးပန်းတိုင် အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ TNLA က ပြောပါတယ်။
Read More

မြောင်းမြမြို့ ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲ အခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို သွားလာခွင့်ပိတ်

မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။