ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းခဲ့ရတဲ့ တော်လှန်ရေး ထောက်ပို့ရဲဘော်ဟောင်းတစ်ယောက် လက်နက်ခဲယမ်းနဲ့တကွ ပြန်လည်အလင်းဝင်ရောက်လာတယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းထံက သိရပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမင်တံတားဂိတ်မှာ တာဝန်ကျနေတဲ့ ခလရ (၂၅၄) တပ်သား ကိုထက်မြတ်ထွန်းဟာ စက်တင်ဘာ ၂၀ ရက်နေ့မှာ MA 2 သေနတ် ၁လက်၊ ကျည်ဘောက် ၃ခု၊ ဘောက်ဝိုင်း ၁ခု၊ လက်ပစ်ဗုံး ၁လုံး၊ ၅.၅၆ ကျည် ၁၄၅ တောင်တို့ကို ယူဆောင်ကာ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။ လက်နက်ခဲယမ်းတွေ ယူဆောင်လာတဲ့အတွက် ကိုထက်မြတ်ထွန်းကို ကျပ် သိန်း ၁၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေး ထောက်ပို့ရဲဘော်ဟောင်းတစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်ထွန်းဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက ပေါ်တာဆွဲခံရပြီး ပြင်ဦးလွင်-မန္တလေးကြား မန္တလေးစုဆောင်းရေးတပ် ၉၀၁ မှာ ၃လ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အဲဒီနောက် ကိုထက်မြတ်ထွန်းဟာ တောင်ကြီး ဟိုပုံးမြို့မှာ ၆လ သင်တန်းတက်ခဲ့ရပြီး ပခုက္ကူ တပ်မ (၁၀၁) ကို ရောက်ရှိခဲ့ကာ အဲဒီကနေတဆင့် ခလရ (၂၅၄) ကို ထပ်မံပို့ဆောင်ခံရပြီး နွယ်တမင်တံတားမှာ တာဝန်ကျနေချိန် ထွက်ပြေးအလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

“သူ့ညီနဲ့ ချိတ်ဆက်ပြီး အခွင့်သာတာနဲ့ လက်နက်နဲ့ အလင်းဝင် ထွက်ပြေးဖို့ ချိတ်ဆက်ထားတာ၊ စလင်းတပ်နယ် ခလရ ၂၅၄ ကို ရောက်တဲ့အချိန်မှာ တာဝန်ကျ၊ ဆင်ဖြူကျွန်းမြို့ နွယ်တမင်တံတားမှာ တာဝန်ကျခဲ့ပြီး သူ့ညီနဲ့ ချိတ်ဆက်၊ သူ့ညီကတဆင့် ကြားခံတစ်ယောက်က နယ်မြေခံတပ်ရင်းဖြစ်တဲ့ မင်းဘူးရင်း ၅ က တာဝန်ရှိသူတစ်ဦးကို ချိတ်ဆက်ခဲ့တာပါ” လို့ အထက်ပါ တာဝန်ရှိသူက ပြောပြပါတယ်။

လက်ရှိမှာ ကိုထက်မြတ်ထွန်းဟာ ဇာတိနယ်ကို ပြန်ပြီး သူ စစ်သင်တန်းတက်နေချိန် ဆုံးပါးသွားခဲ့တဲ့ မိခင်ရဲ့ အုတ်ဂူကို သွားရောက်ကန်တော့ပြီးတဲ့နောက် သူ့နယ်မြေမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စလင်းတွင် စစ်ကောင်စီ ဂျက်ဖိုက်တာတိုက်ခိုက်မှုကြောင့် ဦးပဉ္စင်းကြီး ၁ပါး ပျံလွန်တော်မူ၊ စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် အရပ်သား ၄ ဦးကိုလည်း ညှင်းပန်းသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာပေါ်ကနေ ပစ်ခတ်မှုကြောင့် သက်တော် ၇၆ နှစ်အရွယ် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူကာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 
Read More

နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅သန်းကျော်အထိ စံချိန်တင်ပြည့်မှီ

NUG ရဲ့နွေဦးဘဏ်က ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်စံချိန်တင်ပြည့်မှီခဲ့ကြောင်း Spring Development Bankက ဒီနေ့ နို၀င်ဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်ခရိုင် ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ တပ်ကြပ်ကြီးအပါ ၃ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွှေသောင်ယံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ပါ ဗုံးကြဲနေ…

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကမ္မမြို့ကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။