မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က ၈ ထပ်ရေတံခွန်မှာ ရေထဲပြုတ်ကျပျောက်ဆုံးနေတဲ့ အမျိုးသမီး ၂ယောက်ထဲက ၁ယောက်ရဲ့ ရုပ်အလောင်းကို ဒီနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ရှာတွေ့ခဲ့တဲ့ အလောင်းဟာ အသက် ၂၅နှစ်အရွယ် အမေရိကန်နိုင်ငံသူရဲ့ အလောင်းဖြစ်ပြီး ရေတံခွန် ၃ထပ်မှာ ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။

“ကျနော်တို့ ဒီကနေ့ မနက်အစောပိုင်းကတည်းက ရှာဖွေမှုတွေ စခဲ့တာပါ။ နေ့လယ် ၁၁ ခွဲဝန်းကျင်လောက်မှာ အလောင်းကို ရှာတွေ့ခဲ့တာ… ၈ထပ်ရေတံခွန်ရဲ့ အောက်မှာလေ.. ၃ထပ်ရေတံခွန်ဆိုပြီး ရှိပါတယ်။ အဲ့ဒီနေရာမှာ တွေ့တာပါ။ အမျိုးသမီး ၁ဦးရဲ့ အလောင်းကိုတော့ ဆက်လက်ရှာဖွေနေပါတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူတယောက်က မောင်းကို ပြောပါတယ်။
မနေ့က စက်တင်ဘာ ၂၉ ရက် နေ့လယ် ၃နာရီဝန်းကျင်အချိန်မှာ တောင်ကျရေတွေ ရုတ်တရက် စီးဆင်းလာတာကြောင့် ရေတံခွန်မှာ ရေဆော့နေသူ ၅ယောက် ရေထဲမျောပါသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ရေထဲမျောပါသွားတဲ့ ၅ယောက်ထဲ အမျိုးသမီး ၂ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ရုရှားနိုင်ငံသား အမျိုးသား ၁ယောက်ကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ အမျိုးသမီး ၂ယောက်ထဲက ၁ယောက်ရဲ့ ရုပ်အလောင်းကို ဒီနေ့မှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူက “အခုမျောသွားတဲ့ ၅ယောက်က အုပ်စုတစုတည်း။ သူတို့က အားလုံး ၁၄ လား ၁၅ ယောက်လား မသိဘူး၊ ရေလာဆော့ကြတာပေါ့လေ။ အဲ့မှာ သူတို့ ၅ယောက်ပဲ ရေဆင်းဆော့နေချိန်မှာ တောင်ကျရေက ရုတ်တရက် ရေစီးသန်လာပြီး မျောသွားတာ” လို့ အခြေအနေကို ရှင်းပြပါတယ်။

အဆိုပါဖြစ်စဥ်မှာ ပါဝင်တဲ့ ရေလာဆော့သူတွေဟာ ကိုယ်ပိုင်ကျောင်းက နိုင်ငံခြားသား ဆရာ ဆရာမတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့
0 Shares:
You May Also Like
Read More

အောင်ပန်း-မန္တလေး လမ်းမပေါ် ရေပြာအိုင်အနီး ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အောင်ပန်း - မန္တလေး လမ်းမပေါ်မှာ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် - ၁၀၀၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နယ်မြေအငြင်းပွားမှုကြောင့် ဘုရားသုံးဆူမှာ DKBA နဲ့ NMSP တို့ အခြေအနေ တင်းမာနေ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာထိပ်အနီးမှာ နယ်မြေအငြင်းပွားမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြား နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလောမြို့နယ် လက်ပံ့ပြင်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ၊ ဘာသာရေး အဆောက်အအုံတစ်လုံး ပျက်စီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်၊ PNA ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ ပြန်လည်ဆုတ်ခွါသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၄ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်၊ PNA ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၉ တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ ၁၄ နှစ်အရွယ် ပျုစောထီး လက်နက်မဲ့အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ ၁၄ နှစ်အရွယ် ပျုစောထီး ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။