ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ ဆေးရုံအတွင်း တောင်ကျရေများ စီးဝင်လာတဲ့ အတွက် လူနာများအား အရေးပေါ်ရွေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယနေ့စက်တင်ဘာ ၃၀ ရက် နံနက်အစောပိုင်းက ညောင်ခြေထောက်မြို့ ဆေးရုံဝန်းအတွင်း တောင် ကျရေများ စီးဝင်လာပြီး လူနာများ ပိတ်မိနေတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ပိတ်မိနေတဲ့ လူနာများအား လူမှုကူညီအသင်း‌တွေက လှေများ၊ လူနာတင်ယာဉ်များဖြင့် ကူညီကယ် ဆယ်ခဲ့ကြပြီး အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

Video-ရင်ခုန်သံ ရှင်ရေးကူညီမှူအသင်း

0 Shares:
You May Also Like
Read More

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြည်သူလူထုထံသို့ သတင်းစကားပြောကြားခြင်း (ရုပ်/သံ)

''အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းပြည်အဖက်ဖက်က ချွတ်ခြုံကျ ထိခိုက်ပျက်စီးနေချိန်မှာ အခုလိုသဘာဝဘေးဒဏ် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးကြရတဲ့ ပြည်သူ တစ်ယောက်ချင်းစီတိုင်းအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို တိကျတဲ့ စီမံချက်များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးလေးနက်နက်ကတိပေး ပြောကြားလိုပါတယ်"
Read More

တအာင်းပြည်တစ်နေရာတွင် DPLF/DPLA ၏ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနှင့်  လက်နက်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLF/DPLA ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနဲ့ လက် နက်တပ်ဆင်ခြင်းအခမ်းအနားကို တ‌အောင်းပြည်တစ်နေရာမှာ ဇွန်လ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ ပုသိမ်ကြီးမြို့နယ် ပကဖရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် တောင်ပိုင်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်ရေး ပုသိမ်ကြီးမြို့နယ် ပကဖရဲဘော် ၁ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ''ရန်သူ အကြမ်းဖက် စစ်တပ်ကို အပြုံးနဲ့ ရင်ဆိုင် ၊ တော်လှန်ရေး အတွက် အသက် ပေးလှူ သွားတဲ့ ညီလေးရေ .. မင်း တာဝန် ကျေပါတယ်ကွာ''ဟု ကျဆုံးရဲဘော်ရဲ့ နာရေးစျာပနရုပ်သံတကွ ပုသိမ်ကြီးမြို့နယ် ပကဖ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ ရက် မနေ့ညပိုင်းက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ‌ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

အင်အား ၁၀၀ ခန့်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ကင်းပုန်းဝပ်ဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။