ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက်စစ်ကော်မရှင်က စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြားသေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ကွက်အတွင်း လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေ အပါအဝင် ပြည်သူ ၈ ယောက်သေဆုံးကာ ကျောင်းက ပြန်လာတဲ့ ကလေးငယ် ၂ ယောက်လည်း အပြင်းအထန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဆဒုံးမြို့ကို KIA က ၂၀၂၄ ခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူတွေ ငြိမ်းချမ်းစွာ သွားလာနေထိုင်နေတဲ့ မြို့ဖြစ်ပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ

ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)နိုဝင်ဘာ ၉၊ ၂၀၂၄မကွေးတိုင်း ပခုက္ကူမြို့နယ် ရွှေတန်းတစ်အနီး ကွန်းရွာနဲ့ ဆင်မင်းရွာသို့ ပခုက္ကူ ၁၀၁ မှ စစ် ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ကို နိုဝင်ဘာ ၆ ရက်က Fixed Wing Drone ၆ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ၆၀ မမ လက်နက်ကြီးတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် စစ်သား ၆ ယောက် သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column - တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မတရားစစ်မှုထမ်းခြင်းဟာ အခြေခံလူတန်းစားတွေကို ဦးတည်နေ၊ စစ်ကောင်စီအတွက် အသေမခံဘဲ တော်လှန်ရေးမှာ ပူးပေါင်းကြဖို့ Jusitce Soldier PDF ခေါင်းဆောင် ကိုဇွဲ တိုက်တွန်း (ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်သားစုဆောင်းခဲ့ရာ အပတ်စဉ် (၁၅) အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ်တစ်ခုမှာ လူငါးထောင်နှုန်းဆိုရင် အင်အား ၇၅၀၀၀ အထိ ရှိလာပြီဖြစ်ပါတယ်။ 
Read More

ငလျင်ဘေးအတွက် အလှူခံနေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ယနေ့ဧပြီ ၁ ရက် နံနက်ပိုင်းက ငလျင်ဘေးအတွက် အလှူခံ နေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။