ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ် ၈၀ မြောက် ဆက်စပ်အစည်းအဝေးအဖြစ် နယူးယောက် မြို့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာအရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မလေးရှားသံရုံးမှာ Rohingya Inclusion,Sustainable Peace,and ASEAN’s Role ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Mr. Tan Sri Othman Hashim အပါအဝင် သံတမန်တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေလည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

ဘန်ကောက်တိုက်ပြိုကျမှုအတွက် အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌအပါအဝင် ၁၇ ဦးကို ထိုင်း ဝရမ်းထုတ်

မြန်မာလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

သတ္တုလုပ်ငန်းကြောင့် ညစ်ညမ်းလာသည့် မြစ်ရေကို သန့်စင်ရန် ထိုင်းအစိုးရဆည်ဆောက်ဖို့ပြင်

ရှမ်းပြည်နယ် အရှေ့ပိုင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေထဲ ပျော်ဝင်နေတဲ့ အန္တရာယ်ရှိပစ္စည်းတွေကို စစ်ထုတ်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ရေတားဆည်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

တရုတ်လက်ထောက်လုံခြုံရေးဝန်ကြီးနှင့် စစ်ကောင်စီ ကျားဖြန့်ငွေလိမ်ဂိုဏ်း နှိမ်နင်းရေး နေပြည်တော်မှာ ဆွေးနွေး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား အယောက် ၂၀၀ ကို ပြန်လွှဲဖို့ စီစဉ်နေ

တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီးနဲ့ စစ်ကောင်စီဝန်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ဆွေးနွေးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ တော်လှန်ပြည်သူ ၄၀၀ ကျော် တက်ရောက် ဆန္ဒပြခဲ့…

အောက်တိုဘာလ ၄ ရက် ဒီနေ့ မွန်းလွဲပိုင်းကနေ စတင်လို့ ဆိုးလ်မြို့မှာ ဆန္ဒပြပွဲကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီ ဆန္ဒပြပွဲကို ကိုရီးယား NUG ကိုယ်စားလှယ်ရုံးနဲ့ ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၉ ဖွဲ့ ပါဝင်တဲ့ "စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ" ကနေ စီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။