မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ယောက်ကို တရုတ်က သေဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၉ ရက် မနေ့က တရုတ်နိုင်ငံ တရားရုံး တစ်ခုကနေ ကိုးကန့်ဒေသက အချမ်းသာဆုံး မိသားစု လေးစုထဲက တစ်စုဖြစ်တဲ့ မြီမိသားစုဝင်တွေ ဦးဆောင်တဲ့ ဒုစရိုက် ဂိုဏ်းသားတွေဟာ ငွေကြေးလိမ်လည်မှုနဲ့ တခြား ဒုစရိုက်မှုတွေအတွက် ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်။

တရုတ်အစိုးရက အပူတပြင်း အလိုရှိနေတဲ့ မြီမိသားစုဝင်တွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှာ အာဏာသိမ်း မြန်မာစစ်တပ်က တရုတ်ဆီ လက်လွှဲပေးခဲ့တာ ဖြစ်ပြီး လက်ရှိ တရားရုံး စီရင်ချက်မှာတော့ ၁၁ ယောက်ကို သေဒဏ်ချမှတ်ကာ နောက်ထပ် ၅ ယောက်ကို ၂နှစ် ဆိုင်းငံ့သေဒဏ်အဖြစ် ချမှတ်ခဲ့ပါတယ်။

မြီမိသားစုရဲ့ လက်ဝေခံ အခြားဂိုဏ်းသား ၂၃ ယောက်ကိုတော့ ထောင်ဒဏ် ၅ နှစ်ကနေ ထောင်ဒဏ်​တစ်သက်တစ်ကျွန်းအထိ အသီးသီး ချမှတ်ခဲ့ပြီး စီရင်ချက် ချမှတ်ခံရသူ ၃၉ ယောက်ရှိတယ်လို့ သိရပါတယ်။

တရုတ် တရားရုံးက အဆိုပါဂိုဏ်းသားတွေဟာ ၂၀၁၅ ခုနှစ်ကစလို့ တရုတ်-မြန်မာ နယ်စပ်နားမှာ ဆိုက်ဘာ ငွေကြေး လိမ်လည်မှု၊ မူးယစ်ဆေး မှောင်ခို ရောင်းဝယ်မှု၊ ပြည့်တန်ဆာမှု၊ တရားမဝင် ကာစီနိုတွေ ထူထောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပြီး ကိုးကန့်ဒေသကို ဩဇာ လွှမ်းမိုးထားနိုင်ခဲ့ဖူးတဲ့ မိသားစုဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကာအကွယ်ကို ယူကာ ကျားဖြန့်လုပ်ငန်းနဲ့ တခြား ဒုစရိုက်လှုပ်ရှားမှု အများအပြားကို လည်ပတ်နေခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။

မြီမိသားစုရဲ့ ဒုစရိုက် စီးပွားရေး လုပ်ငန်းဟာ တခြားမိတ်ဖက် ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ပြီး ယွမ်ငွေ ၁၀ ဘီလီယံတန်ဖိုးနဲ့ ညီမျှတဲ့ ဒေါ်လာ ၁.၄ ဘီလီယံဖိုးလောက်ထိ ကျယ်ပြန့် ကြီးထွားခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို ဖိနှိပ် ဖြိုခွင်းနိုင်ရေးအတွက် အကြမ်းဖက်မြန်မာစစ်အုပ်စု၊ ထိုင်းအစိုးရတို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

အွန်လိုင်းငွေလိမ် လုပ်ငန်း နဲ့ ဆက်စပ်ပြီး ဖမ်းဝရမ်းထုတ်ထားတဲ့ မြီမိသားစုရဲ့ ဦးစီးဖြစ်သူ ၂၀၁၀ ကြံခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သူ မြီရှောက်ချန်းကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလအတွင်း လောက်ကိုင်မြို့ မှာ ဝင်ရောက်ဖမ်းဆီးချိန် ပစ္စတိုနဲ့ သူ့ကိုသူအဆုံးစီရင်ခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ – CCTV
0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်နေသူများကို အားပေးကူညီမည်ဟု အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားလိုက်ပါတယ်။
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ သန်းတစ်ထောင်နီးပါး ကုလ အကူအညီတောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲနဲ့ သူတို့အိမ်ရှင်တွေအတွက် အခုနှစ်အတွင်း ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တောင်းခံထားကြောင်း ကုလသမဂ္ဂက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ 
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူတွေထံ အကူအညီများ မရောက်စေရန် အာဏာသိမ်းစစ်တပ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလထံ အသိပေး

အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

“အတုအယောင်” ရွေးကောက်ပွဲအပေါ် မြန်မာစစ်အုပ်စု၏ ထုတ်ပြန်ချက်ကို မလေးရှားမူဝါဒအဖွဲ့များ အပြစ်တင် အာဆီယံကို အသုံးချခံမဖြစ်စေရန် မလေးရှားအစိုးရကို သတိပေး

အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံမဖြစ်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။