ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ သောင်ဖာဖုမ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ယောက်ကို တင်ဆောင်လာတဲ့ မှောင်ခိုသမား မောင်းနှင်တဲ့ ကားတစီး ရဲလိုက်လို့ ထွက်ပြေးရင်း လမ်းဘေးကျပြီး တိမ်းမှောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။

တနင်္လာနေ့ အစောပိုင်းက ကန်ချနဘူရီ၊ သာခနွန်က စစ်ဆေးရေးဂိတ်မှာ ကားတစီးကို စစ်ဆေးဖို့ ရပ်ခိုင်းရာမှာ ငြင်းဆန်ပြီး ထွက်ပြေးတာကြောင့် အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့တာပါ။

အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ အဆိုပါကားဟာ ရှေ့က ဆိုင်ကယ်တစီးကို ဝင်တိုက်မိပြီး လမ်းဘေး မြောင်းထဲကို ထိုးကျသွားခဲ့ကြောင်း၊ ယာဉ်မောင်းဟာ သူတင်ဆောင်လာတဲ့ မြန်မာလုပ်သား ၂၈ ယောက်ကို ထားရစ်ကာ နေရာကနေ ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း အာဏာပိုင်တွေရဲ့ အဆိုကို ကိုးကားပြီး ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ကားမှန်တွေ ကွဲထွက်သွားပေမယ့် ကားထဲ လိုက်ပါလာတဲ့ ရွှေ့ပြောင်းမြန်မာတွေ (အမျိုးသား ၁၉ ယောက်နဲ့ အမျိုးသမီး ၉ ယောက်) ကတော့ ထိခိုက်ဒဏ်ရာ တစုံတရာမရဘဲ အသက်ရှင်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ထွက်ဆိုချက်တွေအရ သူတို့တွေဟာ တောလမ်းကတဆင့် စံခလဘူရီကို ဝင်ရောက်ခဲ့ပြီး ဝဇီရာလောင်ကွန် ဆည်ကို လှေနဲ့ဖြတ်ကာ သာခနွန်ကို ရောက်ရှိခဲ့ကြကြောင်း၊ အဲဒီကနေ ကားနဲ့ ထိုင်းနိုင်ငံထဲ သွားရောက်မှာဖြစ်ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။

သူတို့အနေနဲ့ တယောက်ကို ဘတ် ၁၈၀၀၀ ကနေ ၂၀၀၀၀ အထိ ပေးချေခဲ့ရပြီး ဘန်ကောက်နဲ့ တဝိုက်က ပြည်နယ်တွေမှာ အလုပ်လုပ်ဖို့ စီစဉ်ထားကြတာပါ။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးအကျပ်အတည်းတွေကြောင့် မြန်မာပြည်သူတွေဟာ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ရရာနည်းလမ်းတွေနဲ့ ထွက်ခွာလာမှုက တစတစ ပိုမိုများပြားလို့ လာနေပါတယ်။

အခု စက်တင်ဘာလအတွင်းမှာပဲ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီ ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှုဟာ ၂၀၀ ခန့်ရှိနေပြီဖြစ်သလို သူတို့လာရာလမ်းခရီးအတွင်း မတော်တဆမှုတွေကြောင့် သေဆုံးမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

News – BangkokPost
Photo – Piyarach Chongcharoen
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု အကြမ်းဖက်လုပ်ရပ်များကြောင့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦး သေဆုံး

နိုင်ငံတစ်ဝန်းမှာ ၂၀၂၅ ခုနှစ်အတွင်း အခုချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် ပညာရေးကဏ္ဍက ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အယောက် (၅၀) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲ နောင်ပိန်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးထက် မနည်းသေဆုံး၊ သေဆုံးဦးရေ ထပ်တိုးနိုင်ခြေ ရှိ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြို့အထိနာမှု အနည်းဆုံးဖြစ်လာနိုင်သည့် စစ်တွေတိုက်ပွဲ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းမှာ စစ်ကောင်စီတပ်တွေ မရှိတာကြောင့် မြို့နာတာ အနည်းဆုံး တိုက်ပွဲဖြစ်လာလိမ့်မယ်လို့ သုံးသပ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 
Read More

ရက် ၂၀ကြာ စစ်ကြောင်းထိုးသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၅ ဦး သေပြီး အများပြားဒဏ်ရာရ

မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က  ၁၅ယောက် သေဆုံးခဲ့တယ်လို့ Yennanthar Column က သတင်းထုတ်ပြန်ထားပါတယ်။