အညာမြေတပ်ပေါင်းစု (MUGDF) ရဲ့ စခန်းခွဲတစ်ခုကို စက်တင်ဘာ ၂၈ ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

အဆိုပါစခန်းခွဲ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အညာမြေတပ်ပေါင်းစု (MUGDF) ရဲ့ တာဝန်စခန်းမှူးဖြစ်သလို တပ်စိတ်မှူးလည်းဖြစ်တဲ့ ရဲဘော် သေမင်း (၂၀ နှစ်)၊ God of Myaing တပ်ဖွဲ့က ရဲဘော် ဗလ (၁၈ နှစ်) နဲ့ PL Pdf တပ်ဖွဲ့ ရဲဘော် နိုင်ကြီး (၃၄ နှစ်) တို့ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ကျဆုံးသွားတဲ့သူတွေထဲက ရဲဘော် သေမင်းဟာ အညာမြေတပ်ပေါင်းစုက ဖြစ်ပြီး ကျန်ရဲဘော် နှစ်ယောက်က အညာမြေရဲ့ မဟာမိတ်အဖွဲ့တွေကပါ။ လေကြောင်း လာကြဲတော့ ခန္ဓာကိုယ်အနှံ့ ထိမှန်ပြီး ပွဲချင်းပြီး ကျဆုံးသွားတာပါ” လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲမရှိဘဲ အခုလို အကြောင်းမဲ့ လာရောက်ပစ်ခတ်မှုဟာ တစ်ခုခု သတင်းရတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ထိတွေ့တိုက်ပွဲလည်း မရှိပါဘူး။ အခုလို လေကြောင်းလာကြဲတာက ဘက်ပြောင်းသွားသူတွေရဲ့ သတင်းပေးမှုလို့ ကောက်ချက်ချလို့ရပါတယ်။ စခန်းကတော့ အနည်းငယ် ပျက်စီးသွားပါတယ်။ အခုစခန်းခွဲက လေကြောင်းကြဲခံရတာ ပထမအကြိမ်ပါ” လို့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေကိုတော့ စက်တင်ဘာ ၂၉ရက် ဒီမနက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးရဲဘော်တွေရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ တော်လှန်ရေးမှာ ရိုးသား ယုံကြည် ခိုင်မွာစွာ၊ လမ်းစဥ်မှန်စွာ ပါဝင်ပေးကြဖို့လည်း ရဲဘော်တွေနဲ့ ပြည်သူတွေကို အညာမြေတပ်ပေါင်းစုက တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ငလျင်ဒဏ်သင့်ဒေသများကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ငလျင်ဒဏ်သင့်ဒေသတွေကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့ မော်လိုက်ထောင်တွင် အကျဥ်းသားများကို ချနင်းကာ ထောင်အာဏာပိုင်များ စီးပွားရှာကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဥ်းထောင်မှာ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းအဆင့်ဆင့်က အကျဥ်းသားတွေရဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်အမြတ်ရှာရင်း လာဘ်စားမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ပခုက္ကူတွင် တာဝန်နှင့် ပြောင်းလာသည့် ပျူစောထီးကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ပျူခေါင်းဆောင်အပါ ၄ဦးသေပြီး လက်နက်နှင့်ငွေသားတချိို့ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂ စီးကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်ဖြစ်သူအပါ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်း တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကရင်နီပြည်နယ်မှာ စစ်ကောင်စီ ထိုးစစ်မရပ်တန့်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ချိန်ညှိပြီး စစ်ဆင်ရေး လုပ်ဆောင်သွားမည်ဟု JCS ထုတ်ပြန် 

ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီက တိုက်ခိုက်မှုပြုလုပ်လာတဲ့အပေါ် မူတည်ပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) ကနေ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဖေ့စ်ဘုတ်ပေါ် ခင်မင်ပြီး အပြင်မှာ ဓားပြတိုက်တဲ့သူတွေ ၁ ရက် အကြာမှာပဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုနဲ့ ပတ်သက်လို့ ပါဝင်ပက်သက်သူတွေအားလုံးကို ဖမ်းဆီးရမိထားပြီး အဆင့်ဆင့်စစ်ဆေး​​အရေးယူသွားမယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က မောင်းကို ပြောပါတယ်။
Read More

နတ်မောက်မြို့မှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသည့် ရဲတပ်သား ၁ ဦး သွားရောက်ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။