မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအတွင်း ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ မြိုင်မြို့နယ် တွင်းမရွာအတွင်း ပြည်သူပိုင်ပစ္စည်းတွေ လှည့်လည်ခိုးယူနေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို အလစ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားနဲ့ ပျူစောထီး ၃ ယောက် သေဆုံးပြီး MA-1 သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တပ်ခွဲ(၁) ၊ တပ်ခွဲ (၂) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ ကမ္မတပ်ပေါင်းစုနဲ့ 8+ တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မြိုင်ပကဖ

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေကာ PDF ရဲဘော် ၁ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြား အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

တိုက်ပွဲတခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်စုမှူး ဗိုလ်ကြီး ဘုန်းပြည့်နိုင်

''ကျွန်တော်တို့က လူဆိုတာ တစ်ကိုယ်တည်းသမားမဟုတ်ဘူးလေ။ ကျွန်တော်က လူပျိုဆိုပေမယ့် အခြားအိမ်ထောင်သည်တွေပါမယ်၊ ကလေးရှိတဲ့ ရဲမေတွေပါမယ်။ တကယ်လို ကျွန်တော်က လက်နက်မချဘူးကွ မင်းတို့ အသေခံတိုက်လို့ ပြောလိုက်တဲ့အချိန်မှာ သူတို့ယောကျ်ားသားတွေ ဆုံးသွားခဲ့ရင် ကျသွားခဲ့ရင် ဒုက္ခရောက်မယ့် မိသားစုတွေ အများကြီးရှိတယ်ဗျ။ ကျွန်တော်တို့အနေ နဲ့ သစ္စာဖောက်တယ်လည်း ပြောလို့မရဘူးလေ။ လူက ကိုယ်အတွက် အကောင်းဆုံးထင်တာကို လုပ်မှာပဲလေ။ ဒါကြောင့် ကျွန်တော်တို့က သစ္စာဖောက်တယ်လို့တော့ မဟုတ်ဘူးပေါ့"
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

ပလရဲစခန်းကုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချမှု မိုင်းကွင်းအတွင်း ပေါက်ကွဲပြီး ရဲစခန်းပတ်လည်မီးလောင် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပလမြို့ရဲစခန်းကုန်းကို ဇန်နဝါရီ ၁၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့  ပုလောပကဖဒရုန်းတပ်ဖွဲ့ (Shadow Squad) က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မဆုတ်တမ်းခံစစ်မော်ခီးတပ်စခန်း မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မော်ခီးမဆုတ်တမ်းခံတပ်စခန်းကို KNLA ပူးပေါင်း တပ်တွေက မေလ ၃၀ ရက် နံနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။