အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်း-ကရင်နီ တိုင်းစစ်ဒေသ လက်အောက်ခံ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း)ရဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ Pa-O National Defense Force (PNDF) က ထုတ်ပြန်ထားပါတယ်။

PNDF ရဲ့ အခြေခံစစ်သင်တန်းမှာ ကိုယ်ကာယ ကျန်းမာကြံခိုင်စေတဲ့ လေ့ကျင့်ခန်းတွေ၊ အခြေခံ စစ်ပညာနဲ့ သက်ဆိုင်တဲ့ သင်ခန်းစာတွေ၊ စစ်သည်တော်ကျင့်ဝတ်တွေ၊ နိုင်ငံရေးအသိပညာတွေကို ထည့်သွင်းသင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

အခြေခံစစ်သင်တန်းဆင်းပွဲကို တပ်ရင်းရဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတွေ၊ ညီနောင်မဟာမိတ် ရဲဘော်တွေနဲ့ ဒေသခံ ပြည်သူတွေ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေကို အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

PNDF အနေနဲ့ အာဏာရှင်စနစ်ဆိုးမှန်သမျှကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ကတိသစ္စာပြုကြောင်းနဲ့ PNDF နဲ့အတူ တိုက်ပွဲဝင်လိုတဲ့ တပ်သားအသစ်တွေကိုလည်း ထပ်မံဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့နယ် ပကဖ က ပြည်သူများအတွက် ဗုံးခိုကျင်းတူးပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှု ကွင်းဆင်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဗုံးခိုကျင်းတွေ တူးဖော်ပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှုကို ကွင်းဆင်းပြုလုပ်ပေးနေတယ်လို့ ကလေးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ချောက်မြို့ပေါ်ရှိ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့ပေါ် အမှတ် ၁၅ နယ်မြေ စံပြမြို့သစ်ရပ်ကွက်က ​မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စဥ့်ကူးမှာ ​ငလျင်ကြောင့် သေဆုံးသူ ၃၆ ဦးနှင့် ပြင်းထန်ဒဏ်ရာရသူ ၂၀ ဦးအပါ ၉၀ ဦး ဒဏ်ရာရ… မတ္တရာမှာ မြို့ပေါ်ကမပါဘဲ သေဆုံးသူ ၈ ဦးရှိပြီး သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရသူ ၁၇ ဦးရှိ…

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်(မြို့ပေါ် မပါ) တွေမှာ ပြင်းထန်ငလျင်ကြောင့် ၄၄ ယောက် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ အယောက် ၂၀ အပါအဝင် ၁၀၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်မြို့နယ်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်နယ် ရှိန်းမကားတွင် အရပ်သား ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဧရာ၀တီ၊ မကွေး နဲ့ပဲခူးက စစ်ကောင်စီ တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ထုတ်ပြန်

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့  ဒေသသုံးခုက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့သည့် နိုင်ငံ‌ရေးအကျဉ်းသားများ ရိုက်နှက်တိုက်ပိတ်ခံထားရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြု ကဗျာရွတ်ဖတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြင်းခြံ‌ထောင်ရှိ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး ခြေချင်းခတ် တိုက်ပိတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။