နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက် မနေ့က ညပိုင်းမှာ USDP ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ဦးခင်ရီပြောဆိုထားတဲ့ ရုပ်သံမှတ်တမ်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ နိုင်ငံရေးပဋိပက္ခတွေကို အဆုံးသတ်စေမယ့် လုပ်ရပ်တစ်ခုဖြစ်တယ်လို့ အခိုင်အမာ ယူဆကြောင်းလည်း ဦးခင်ရီက ပြောဆိုထားပါတယ်။

“အရှုပ်အထွေး၊ အချိုးအကွေ့တွေနေရာမှာ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ၊ ထမ်းဆောင်ခဲ့တဲ့ တာဝန် ဝတ္တရားတွေရဲ့ အတွေ့အကြုံ၊ စဉ်ဆက်မပြတ်လေ့လာနေတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးချက်တွေအရ ဒီပြဿနာတွေကို ကျနော်တို့ ကောင်းစွာကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ ခိုင်မာတဲ့စီမံချက်တွေ ရှိပါတယ်။ နားထောင်ကောင်းရုံသက်သက် ဆောင်ပုဒ်တွေလို အလွတ်ရွတ်ပြနေရမယ့်အစား တကယ့်ကို အရွေ့ရှိတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာတာနဲ့အတူ ဒီရလဒ်တွေကို အချိန်ကန့်သတ်ချက် Time Frame သတ်မှတ်ပြီး သက်သေပြနိုင်ဖို့ ကျနော်တို့ အဆင်သင့်ရှိပါတယ်” လို့ ဦးခင်ရီက ပြောပါတယ်။

(ဓာတ်ပုံ USDP)

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံတွေနဲ့ ဖွဲ့စည်းထားတဲ့ USDP ပါတီအနေနဲ့ တိုင်းပြည်ကို တည်ဆောက်မယ့် စီမံချက်တွေ အကောင်အထည်ဖော်ဖို့အတွက် အရည်အချင်းရှိတဲ့သူတွေ ရှိထားပြီးဖြစ်သလို ကူညီထောက်ပံ့မယ့်အဖွဲ့အစည်းတွေလည်း အခိုင်အမာရှိတယ်လို့ ဦးခင်ရီက ဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ မင်းအောင်လှိုင်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းပေါင်း ၄,၉၀၀ ခန့် မှတ်ပုံတင်ထားတဲ့ထဲက ၁,၀၀၀ ကျော်ဟာ စစ်အုပ်စု လက်ဝေခံ USDP ပါတီ ကိုယ်စားလှယ်လောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက ကျေးရွာကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း KRC  ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်ကြောင်း KRC ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (လယ်ဒိုမြို့နယ်) က သဘောထားထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦးသေဆုံးပြီး လကလေး ၄ ဦးနှင့် သံဃာတော် ၁ ပါးအပါ ၉ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။