နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းတွေကို ပံ့ပိုးကူညီမယ်ဆိုရင် ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးမှာ သံအမတ်ကြီးက အခုလိုထည့်သွင်းဆွေးနွေးခဲ့တာပါ။

“စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းအတွက် နိုင်ငံတကာမှ ပံ့ပိုး ကူညီမှု တစုံတရာ ပေးအပ်ခြင်းက စစ်အုပ်စုရဲ့ အန္တရာယ်ကြီးမားသော နျူကလီးယား ရည်မှန်းချက်ကို ပြည့်မီစေရေး အတွက် အဆင့်တစ်ဆင့် နီးကပ်သွားစေမှာဖြစ်တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းစွာ အရပ်ဖက်အသုံးပြုဖို့လို့ အမည်တပ်ထားပေမယ့် အန္တရာယ် ဖြစ်စေနိုင်တဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ရည်မှန်းချက်ကို ဆက်လက်လုပ်ဆောင်နေပြီး နျူကလီးယားလက်နက်ပိုင် နိုင်ငံကြီး တစ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးမြှင့်လာတယ်လို့လည်း ပြောကြားထားပါတယ်။

“မြန်မာနိုင်ငံကို ယခုကဲ့သို့ အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲသို့ တွန်းချခဲ့သော စစ်အုပ်စုက ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် နျူကလီးယား နည်းပညာကို အသုံးပြုလိမ့်မည် မဟုတ်ကြောင်း၊ ပြည်သူပြည်သားတွေအပေါ် လွန်စွာဆိုးရွားသော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်အုပ်စုက အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ နျူကလီးယားနည်းပညာကို အရပ်ဘက်အသုံးပြုမှုအတွက်သာ ဆောင်ရွက်လိမ့်မည် မဟုတ်ပါကြောင်း” လို့ ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း သိရပါတယ်။

၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို အလေးမထားဘဲ ဒီမိုကရေစီကျကျ ပြည်သူတွေရွေးချယ်ခဲ့တဲ့ အစိုးရကို တရားမဝင် အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုက လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပလိမ့်မှာ မဟုတ်ဘူးလို့လည်း သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ အနာဂတ် ဆုံးရှုံးမှုကို တားဆီးပေးနိုင်ရေးအတွက် တရားမဝင် အာဏာသိမ်း စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီနဲ့ အရပ်ဖက်၊ စစ်ဖက် နှစ်မျိုးသုံး ပစ္စည်းတွေ စီးဆင်းထောက်ပံ့မှုတွေကို ချက်ချင်း ပိတ်ဆို့ရပ်တန့်ပေးရေးအတွက်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မေတ္တာရပ်ခံ ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
Read More

အမေရိကန်ရောက် မြန်မာဆယ်လီ ချင်းတိုင်းရင်းသူ လီဗီဆပ်နိုင်ထန်းကို လိမ်လည်မှုဖြင့် ကန်ဒေါ်လာ ၃ သန်းကျော် ဒဏ်ရိုက်…

အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေအပါအဝင် ရွှေ့ပြောင်းနေထိုင်တွေဆီကနေ ငွေကြေးလိမ်လည်မှုနဲ့ မြန်မာဆယ်လီလုပ်ငန်းရှင် လီဗီဆပ်နိုင်ထန်းကို အမေရိကန်ခရိုင်တရားသူကြီးက အမေရိကန်ဒေါ်လာ ၃.၂ သန်းကျော် ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံးရှေ့မှ ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့မှာ အမေရိကန်ရောက် မြန်မာလူမျိုးတွေက ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။