မကွေးတိုင်း၊ နတ်မောက်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အောင်ပန်းကျွန်းဆည်ကျိုးပေါက်မှု ကြောင့် မိသားစု ၇ ယောက် ရေထဲမျောပါသွားကာ ၆ ယောက်သေဆုံးခဲ့တယ်လို့ နတ်မောက်ဒေသခံ တွေထံက သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက် မနေ့ မနက်ပိုင်းက နတ်မောက်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျှံကာ အောင်ပန်းကျွန်းဆည်ကျိုးပေါက်ခဲ့ပြီး နေအိမ် ၂ လုံးနဲ့ မိသားစုဝင်တွေလည်း ရေထဲမျောပါသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရေထဲမျောပါသွားတဲ့ မိသားစုဝင် ၇ ယောက်ထဲမှာ ၁ ယောက်ကိုသာ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်တဲ့ ၆ ယောက်ရဲ့ အလောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နတ်မောက်မြို့ အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တချို့မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေသလို ဆည်ကျိုးနေတဲ့ ချောင်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေ ဘေးလွတ်ရာကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ 

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

တောင်တန်း၊ မြေပြန့်မှ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေသည့် Myingyan Black Tiger (ရုပ်/သံ)

တောင်တန်း၊ မြေပြန့်က တိုင်းရင်းသား EROs တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို စစ်မျက်နှာပြင်များစွာ ဖြန့်ကျက်ပြီး တိုက်ခိုက်လျက်ရှိတယ်လို့ Myingyan Black Tiger က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်ထားသည့် မဲရုံကို ဒရုန်းဖြင့် ‌ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲအတုရဲ့ မဲရုံကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ လုံခြုံယူထားတဲ့ စစ်သား ၅ ယောက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ Dragon Squad – TNI က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ကနဲလေးစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို မေလ ၂၈ ရက် မနေ့ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ထားပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ စစ်ဒေသ(၁) ရဲဘော်သစ်တွေ ခေါ်ယူ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) စစ်ဒေသ(၁)၊ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၃)အတွက် ရဲဘော်သစ်တွေကို ခေါ်ယူထားတယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူ-ကန်ဇွန်းမကားလမ်းမမှာ ကပစ ၂၁ က ပစ္စည်းသယ်လာတဲ့ စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ယာဉ် ၂ စီး မီးလောင်ပေါက်ကွဲကာ စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ ပစ္စည်းများ သယ်ဆောင်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ဖေဖော်ဝါရီ ၇ ရက် မနေ့က ဆိပ်ဖြူ-ကန်ဇွန်းမကားလမ်း တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။