အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အညာမြေတပ်ပေါင်းစု (MUGDF) ရဲ့ တာဝန်စခန်းမှူးဖြစ်သလို တပ်စိတ်မှူးလည်းဖြစ်တဲ့ ရဲဘော် သေမင်း (၂၀ နှစ်)၊ God of Myaing တပ်ဖွဲ့က ရဲဘော် ဗလ (၁၈ နှစ်) နဲ့ PL Pdf တပ်ဖွဲ့ ရဲဘော် နိုင်ကြီး (၃၄ နှစ်) တို့ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့တိုက်ပွဲလည်း မရှိပါဘူး။ အခုလို လေကြောင်းလာကြဲတာက ဘက်ပြောင်းသွားသူတွေရဲ့ သတင်းပေးမှုလို့ ကောက်ချက်ချလို့ရပါတယ်။ စခန်းကတော့ အနည်းငယ် ပျက်စီးသွားပါတယ်။ အခုစခန်းခွဲက လေကြောင်းကြဲခံရတာ ပထမအကြိမ်ပါ” လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေကို စက်တင်ဘာ ၂၉ရက် ဒီမနက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးရဲဘော်တွေရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ တော်လှန်ရေးမှာ ရိုးသား ယုံကြည် ခိုင်မာစွာ၊ လမ်းစဥ်မှန်စွာ ပါဝင်ပေးကြဖို့လည်း ရဲဘော်တွေနဲ့ ပြည်သူတွေကို အညာမြေတပ်ပေါင်းစုက တောင်းဆိုထားပါတယ်။

Video – အညာမြေတပ်ပေါင်းစု

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းပေါ် ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ပိုက်ဆံ‌တောင်းနေတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagarတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Read More

၁၀၂၇ ဒုတိယလှိုင်းကတည်းက တိုက်ပွဲဝင်ခဲ့သည့် ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ ရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကတည်းက ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေကို ကြိုဆိုခဲ့တဲ့ မှတ်တမ်းရုပ်သံကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သာစည်အကျဉ်းထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာ သာစည်ထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို စက်တင်ဘာ ၂၃ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

Karenni Nationalities Defense Force – BO3 ရဲ့ မွမ်းမံသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာ(၁) တပ်ရင်းအမှတ်(၃) ရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့မှု Generation Z Power ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Generation Z Power က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေပြည်သာ ပကဖ နှင့် Yangon Federal Army – YFA ပူးပေါင်းပြီး လွတ်မြောက်နယ်မြေမှာ အခြေခံစစ်ပညာသင်တန်းဖွင့် (ရုပ်/သံ)

ရွှေပြည်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Yangon Federal Army - YFA တို့ ပူးပေါင်းပြီး တိုင်းရင်းသားနယ်မြေ တစ်နေရာမှာ ၂/၂၀၂၄ အပတ်စဉ် အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။