ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပန်သပြေကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်း ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် အလုံး ၂၀ နီပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက် ညနေ ၄ နာရီအချိန်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်က အဆိုပါ ပန်သပြေကျေးရွာက ရွာဦးဘုန်းကြီးကျောင်းကို ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“အခုဗုံးလာကြဲသွားတာက ဒုတိယအကြိမ်ပါပဲ။ ရှေ့တခါက လာကြဲတော့ ဘုန်းကြီးကျောင်းက ပျက်စီးသွားတော့ ဘုန်းကြီးကျောင်းက ကိုရင်တွေက အလှူခံထွက်နေကြတာ… ကျောင်းမှာ မရှိကြဘူး။ ဆရာတော်ကလည်း တခြားရွာကို သွားနေတုန်းဖြစ်သွားတော့ ကံကောင်းသွားတယ်။ လူထိခိုက်မှု မရှိဘူးလို့ သိရတယ်” လို့ TWO ရဲ့ သတင်းမှတ်တမ်းဌာန တာဝန်ခံက မောင်းကို ပြောပါတယ်။

စစ်တပ်ကနေ ဒုတိယအကြိမ်မြောက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပန်သပြေကျေးရွာဟာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ပေါင် ၅၀၀ ဗုံးဟာ ပြင်းထန်လွန်းတာကြောင့် ရွာဦးဘုန်းကြီကျောင်း တခုလုံး ပျက်စီးသွားတဲ့အပြင် ဘုန်းကြီးကျောင်းဘေးပတ်လည်က လူနေအိမ် အလုံး ၂၀ နီးပါးဟာလည်း သွပ်လန်တာ၊ ပြတင်းပေါက်မှန်ကွဲတာ စတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲဒေသခံ အမျိုးသားတယောက်ကလည်း “ ကျောက်မဲက ၂ ကြိမ်ဖြစ်သွားတာလေ၊ ကျောက်မဲကနေ ပြန်လာတဲ့အချိန် လမ်းတဝက်ရောက်တော့ တောင်နောက်နဲ့ ငြိမ်းချမ်းရေးကုန်းအစပ်နားလေးမှာ ချတာ။ ဒါပေမယ့် အဲဒါက ကွင်းပြင်မှာပဲကျတယ်လို့ပြောတယ်၊ ကျနော်တို့ လွယ်ကုန်ရွာ ပြန်ရောက်တော့ ပန်သပြေမှာ ပြန်ချတယ် ၂ ကြိမ်ပေါ့” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း တစ်ရက်တည်းမှာပဲ ပန်ကွမ်ကျေးရွာ စေတီကုန်းနဲ့ ပန်သပြေကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာခံ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် စေတီကုန်း၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပန်ကွမ်ကျေးရွာအုပ်စုဟာ ကျောက်မဲမြို့ရဲ့ အရှေ့ဘက် ၂၄ မိုင်အကွာမှာ တည်ရှိတာဖြစ်ပြီး စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ ကျောက်မဲမြို့ရဲ့ အနောက်ခြမ်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

TWO ရဲ့ သတင်းမှတ်တမ်းဌာန တာဝန်ခံက “အခု ၁ရက် ၂ရက်မှာ ဗုံးကြဲတာတွေက ဆက်တိုက်ဖြစ်လာတော့လေ ကျောက်မဲမြို့ပေါ်မှာလည်း ရှောင်တဲ့သူတွေကလည်း ရှောင်ကုန်ကြပြီ။ ဈေးကြီးတွေဆို ပိတ်ထားတယ်။ တချို့ဆိုင်တွေ ဖွင့်တာလည်း ရှိတယ်ပေါ့နော်။ လူတွေကတော့ ရှောင်ကုန်ကြပြီ” လို့ ဆိုပါတယ်။

ပန်သပြေရွာ ရွာဦးဘုန်းကြီးကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ TWO)

0 Shares:
You May Also Like
Read More

အရပ်သားများအား ဖမ်းလာသည့် စစ်တပ်ထောက်ပို့စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ပြီး ဓားစာခံများကို ကယ်ထုတ်နိုင်ခဲ့၊ စစ်ကောင်စီဘက်မှ ၃ ဦး သေ၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးလာတဲ့ အကြမ်းဖက်ထောက်ပို့စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရင်း ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁ယောက်ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ Scorpions People Defense Force တာဝန်ရှိသူ ရဲဘော်ပေါ့ဘာက မောင်းကို ပြောပါတယ်။
Read More

မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ထားရသည့် စစ်ခေါင်းဆောင် သူ့စစ်တပ်ကို စစ်ပွဲမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကြဖို့ မှာကြား

စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ခလရ ၂၅၁ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သားတစ်ဦး ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ မြိုင်မြို့ဘက်ကို ရိက္ခာကားတန်းနဲ့အတူလိုက်ပါလာတဲ့ ခလရ ၂၅၁ မှာတာဝန်ထမ်းဆောင်နေသူစစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ခဲယမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ ဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၃)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းမှာ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ မိုးကုတ်မြို့နယ် ပကဖ ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အခြေစိုက် မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ လက်နက်ချခဲ့တဲ့ နန်တိန်းမင် စခန်းသိမ်းတိုက်ပွဲနေ့ကို  ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA သတ်မှတ်

MNDAA က ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသက နန်တိန်းမင် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ပါတယ်။