မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမှာ စစ်အုပ်စု မောင်းနှင်လာတဲ့ အိမ်စီးကားကို စစ်ဆေးဖို့ ရပ်မပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် (USBA) တာဝန်ခံထံက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက် ည ၁၁ နာရီလောက်က မင်းတုန်းမြို့ဘက်ကနေ ပုသိမ်-မုံရွာကားလမ်းအတိုင်း ကျောက်တိုင်အထိုင်စခန်းကို မောင်းနှင်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား အနက်ရောင်ကို တော်လှန်ရေးတပ်ဖွဲ့က ကျောက်တိုင်ရွာအနီးမှာ စစ်ဆေးဖို့ တားဆီးခဲ့တာပါ။ အဆိုပါကားက ရပ်မပေးဘဲ ဆက်လက်မောင်းနှင်သွားတာကြောင့် ပစ်ခတ်ရာ စစ်ကော်မရှင်တပ်သားတွေ ကားပေါ်ကနေ ပြန်လည်ခုခံပြီးနောက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“အပြန်အလှန် ပစ်ရပါသေးတယ်။ သူတို့က စပစ်တာ၊ အင်အား ၃ကောင်လို့ သိရပါတယ်။ သေတာတော့ မရှိဘူး။ ဒဏ်ရာတွေနဲ့ပဲ ပြေးသွားတယ်။ လက်ရှိတော့ မင်းတုန်းဘက်ကနေရော ကျောက်တိုင်ဘက်ကနေရော အသွားအလာတွေကို စစ်အုပ်စုက တားမြစ်ထားပါတယ်” လို့ ဗမာပြည်ကာကွယ်ရေးတပ် တာဝန်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေ လိုက်ပါလာတဲ့ ကားကို မီးရှို့ရှင်းလင်းခဲ့ပြီး ကားပေါ်ကနေ ၄၀မမ ဗုံးသီး ၅လုံး၊ စစ်ဝတ်တန်ဆာ ၁စုံ၊ ဖုန်း ၁လုံး၊ လက်ထိပ် ၁စုံ၊ အဆောင်ယတြာ ၁မျိုး၊ ကွန်ဒုံး ၂ခုနဲ့ တခြားပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထွက်ပြေးသွားတဲ့ စစ်သားတွေကိုတော့ ည ၁၂နာရီလောက်မှာ မင်းတုန်းမြို့ကနေ light-truck ကားတစ်စီး အင်အားအပြည့်နဲ့ စမ်းကြီးရွာအနီး လာခေါ်သွားတယ်လို့ သိရပါတယ်။

“လမ်းပိုင်း ပိတ်ထားတာ ၁နှစ်ကျော်ပါပြီ။ တကယ်က ပိတ်တာမဟုတ်ဘူး။ ညဘက်တွေပဲ တားမြစ်တာပါ။ ညဘက်တွေ မောင်းမယ်ဆိုရင် သတင်းပို့ပြီးမှ မောင်းဖို့ပါ” လို့ ကိုဗဟိန်းက ဆက်ပြောပါတယ်။

အဆိုပါ ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါ်မှာ သတ်မှတ်စည်းကမ်း ဖောက်ဖျက်မောင်းနှင်တဲ့ ဘယ်မော်တော်ယာဥ်ကိုမဆို ပစ်ခတ်ဖမ်းဆီးခြင်းတွေ လုပ်ဆောင်တော့မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အခုလို ဖြစ်စဥ်မျိုး မဖြစ်အောင် သတိပြုကြဖို့လည်း ကြိုတင်အသိပေးကြောင်း ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ကျော် ပြုလုပ်ခဲ့

စစ်ကောင်စီဟာ ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ ရှမ်းပြည်နယ်ကအများဆုံးဖြစ်ခဲ့တယ်လို့ Blood Money Campaign က အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက အရပ်သား ၄ ယောက်ကို အကြောင်းမဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် မှတ်ပုံတင်လာလုပ်သည့် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီးရိုက်နှက် ‌ခေါ်ဆောင်သွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မှတ်ပုံတင်လုပ်ဖို့လာတဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချောက်မှာ နယ်မြေရှင်းလင်းရေးထွက်သည့် စစ်ကောင်စီတပ်သားများကို မိုင်း ၂ ဆင့်ဆွဲ တိုက်ခိုက်၊ ၄ ဦးသေပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ချောက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်း ၂ ဆင့်ဆွဲကာ တိုက်ခိုက်ရာ ၄ ယောက်သေက ၇ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chauk Revolution Army အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကရင်နီပြည်မှာ အပစ်ရပ် ကြေညာထားသည်ဆိုသည့် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံး…

ကရင်နီပြည်၊ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြားက ပီကင်းကောခူကျေးရွာမှာ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဧပြီလ ၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အညာဒေသအခြေစိုက် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်း မီးလောင်ပျက်စီးမှု ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းများ ပျက်စီးဆုံးရှုံးခဲ့

အညာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် တစ်ခုဖြစ်တဲ့ Rocket Fighter တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားကာ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။