တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တောင်ယာကမ်းရွာမှာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

တစ်မိုင်တောင်စခန်းကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ တောင်ယာကမ်းရွာမှာ တပ်စွဲပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ဖမ်းယူစားသောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၂ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

Video – KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာ မမှန်ကန်တဲ့ သတင်းလို့ စစ်တပ်ငြင်းဆိုမှုအတွက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ ကိုထိန်လင်းတောင်းဆို (ရုပ်/သံ)

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာ မမှန်ကန်တဲ့ သတင်းလို့ ငြင်းဆိုခဲ့ပြီးနောက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ ကိုထိန်လင်းက တောင်းဆိုခဲ့ ပါတယ်။
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားသို့ ငါးလွှတ်ဖို့လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု Speed Boat ၁ စီး ပျက်စီးပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားဆီ ငါးလွှတ်ဖို့လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Special Guerrilla Force ထံက သိရပါတယ်။
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် – ၉/၂၀၂၅”

“လက်ရှိမှာ မြန်မာပြည်သူလူထုအပေါ် မအလနဲ့စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့အရေးကြီးပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထား မယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့လုပ်ငန်းစဥ်ကို ထိရောက်စွာကူညီပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာပြောကြားချင်ပါတယ်။ မြန်မာ့အကျပ်အတည်းပြေလည်ဖို့အတွက် အကြမ်းဖက် စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်”
Read More

စစ်တပ်က စခန်းလက်လွှတ်ရလို့ စာသင်ကျောင်းများကို ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF ထုတ်ပြန် (ရုပ်/သံ)

တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။