နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းတွေကို ပံ့ပိုးကူညီမယ်ဆိုရင် ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးမှာ သံအမတ်ကြီးက အခုလိုထည့်သွင်းဆွေးနွေးခဲ့တာပါ။

“စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းအတွက် နိုင်ငံတကာမှ ပံ့ပိုး ကူညီမှု တစုံတရာ ပေးအပ်ခြင်းက စစ်အုပ်စုရဲ့ အန္တရာယ်ကြီးမားသော နျူကလီးယား ရည်မှန်းချက်ကို ပြည့်မီစေရေး အတွက် အဆင့်တစ်ဆင့် နီးကပ်သွားစေမှာဖြစ်တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းစွာ အရပ်ဖက်အသုံးပြုဖို့လို့ အမည်တပ်ထားပေမယ့် အန္တရာယ် ဖြစ်စေနိုင်တဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ရည်မှန်းချက်ကို ဆက်လက်လုပ်ဆောင်နေပြီး နျူကလီးယားလက်နက်ပိုင် နိုင်ငံကြီး တစ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးမြှင့်လာတယ်လို့လည်း ပြောကြားထားပါတယ်။

“မြန်မာနိုင်ငံကို ယခုကဲ့သို့ အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲသို့ တွန်းချခဲ့သော စစ်အုပ်စုက ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် နျူကလီးယား နည်းပညာကို အသုံးပြုလိမ့်မည် မဟုတ်ကြောင်း၊ ပြည်သူပြည်သားတွေအပေါ် လွန်စွာဆိုးရွားသော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်အုပ်စုက အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ နျူကလီးယားနည်းပညာကို အရပ်ဘက်အသုံးပြုမှုအတွက်သာ ဆောင်ရွက်လိမ့်မည် မဟုတ်ပါကြောင်း” လို့ ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း သိရပါတယ်။

၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို အလေးမထားဘဲ ဒီမိုကရေစီကျကျ ပြည်သူတွေရွေးချယ်ခဲ့တဲ့ အစိုးရကို တရားမဝင် အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုက လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပလိမ့်မှာ မဟုတ်ဘူးလို့လည်း သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ အနာဂတ် ဆုံးရှုံးမှုကို တားဆီးပေးနိုင်ရေးအတွက် တရားမဝင် အာဏာသိမ်း စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီနဲ့ အရပ်ဖက်၊ စစ်ဖက် နှစ်မျိုးသုံး ပစ္စည်းတွေ စီးဆင်းထောက်ပံ့မှုတွေကို ချက်ချင်း ပိတ်ဆို့ရပ်တန့်ပေးရေးအတွက်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မေတ္တာရပ်ခံ ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်သူများ တရားမျှတမှုရရှိရေး ပြောကြားပေးခဲ့သည့် ပုပ်ရဟန်းမင်းကြီးအား အစဉ်ထာဝရ အမှတ်ရနေမည်ဟု IEC ထုတ်ပြန်

မြန်မာပြည်အတွက် တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အစဉ်အမှတ်ရနေမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။
Read More

မြန်မာလူငယ်များကို ပံ့ပိုးကူညီရေး ကုလသမဂ္ဂ အစည်းအဝေးတွင် ဖင်လန်နိုင်ငံ အလေးပေးပြောဆို

မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာစစ်အုပ်စုမှ ၎င်းတို့၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

တရားမဝင်အာဏာသိမ်းထားတဲ့ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားကြောင်း ထုတ်ပြန်

ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုကျို ဆန္ဒပြပွဲ ကိုထိန်လင်း ပူးပေါင်းပါဝင်

လတ်တလော နိုင်ငံအတော်များများမှာ ပြုလုပ်နေတဲ့ All in One Piece Movement ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။