ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှာ စစ်ကော်မရှင်တပ်က အလယ်ကုန်းရဲစခန်းကနေ ဥယျဥ်ကြီးကျေးရွာကို ထိတွေ့တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး ၁၀ တန်းကျောင်းသား သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အသက် ၁၈ နှစ်အရွယ် မောင်အိုင်စတိုင်းဟာ စာမေးပွဲအတွက် နေအိမ်အပေါ်ထပ်မှာ စာလုပ်နေချိန် ဗုံးထိမှန်ပြီး ဘယ်ဘက်ရင်အုံကို ဖောက်ဝင်ကာ နှလုံး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အဲဒီရွာက အရင်က ဒရုန်းနဲ့ အကြဲမခံဖူးဘူး။ လက်နက်ကြီးနဲ့တော့ အပစ်ခံရဖူးတယ်။ နေအိမ်ကတော့ ရစရာကို မရှိတော့ဘူး။ ထိမှန်သွားတဲ့ကလေးက ဘယ်ဘက်နို့အုံပေါ့ ပြောရရင် နှလုံးထိမှန်သွားတာ၊ ဒီကလေးက အိမ်ပေါ်တက်ပြီး စာကျက်နေတာ၊ ဒရုန်းလည်းချရော အိမ်အောက်ကို ပြေးဆင်းသေးတယ်။ ဒရုန်းက အိမ်ပေါ်တည့်တည့်ကို ကျတာ။ သူ့ကိုထိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာ” လို့ ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူး ကိုကရင်လေးက မောင်းကို ပြောပါတယ်။

အဲဒီနေ့ ညနေမှာပဲ စစ်ကော်မရှင်တပ်သားတွေက အလယ်ကုန်းရဲစခန်းကနေ ဖောကား ၆ စီးနဲ့ ဥယျာဥ်ကြီးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“အဲဒီနေ့ ညနေမှာ စစ်ကြောင်းထိုးတော့ တစ်ရွာလုံး ရှောင်ကြတယ်။ ကြောက်လန့်ပြီးတော့.. ရွာထဲမှာ ဆုံးသွားတဲ့ကောင်လေးရယ်၊ သူ့အဖေ၊ အမေရယ်၊ အစ်ကိုရယ် မိသားစု ၄ ယောက်ပဲ ကျန်ခဲ့တယ်” လို့ ကိုကရင်လေးက ဆက်ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်သားတွေ အလယ်ကုန်းရဲစခန်းကို ကား ၂ စီးနဲ့ ရောက်လာပြီး အဲဒီကနေ ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ပစ်ခတ်ရာ ဖလံပင်ရွာထဲ တစ်လုံး ကျရောက်ပေါက်ကွဲကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်အုပ်စု ဒရုန်းနဲဲဗုံးကြဲပြီး မီးရှို့လို နေအိမ် အလုံး ၇၀၀ ကျော် ပျက်စီးဆုံးရှုံးကာ စစ်ရှောင်ဒေသခံတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ၂ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း မီးရှိခဲ့တဲ့အတွက် ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ် ၇၀၀ နီးပါး ပျက်စီးဆုံးရှုးခဲ့ရတယ်လို ကန့်ဘလူ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ပြောပါတယ်။
Read More

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများ‌သော Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချ

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာလို့ လူသိများ‌တဲ့ Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ ရဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းမှာ ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်က စစ်ကြောင်း ၃ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့နှင့် ရန်ကုန်ဒရုန်းအဖွဲ့ ပူးပေါင်း

ရန်ကုန်မြို့မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ပြောက်ကျားသပိတ်တွေ ဆင်နွှဲနေတဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ဝင်စီးနင်းလို့ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၃ ထောင်ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
Read More

ရွှေကျင်ဒေသထဲက စစ်ကောင်စီ အခြေစိုက်ရာ နေရာနှစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက  စစ်ကောင်စီ အခြေစိုက်ရာ နေရာနှစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။