အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုရီးယားနေ တော်လှန်ပြည်သူတွေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးက ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာ သံအမတ်ကြီးက စုပေါင်းလုပ်ဆောင်နိုင်တာဟာ အောင်မြင်ဖို့အတွက် ဖြစ်ပြီး အခုနှစ် ကုလသမဂ္ဂ ကိုယ်စားလှယ်သတ်မှတ်ရေးကိစ္စ အခြေအနေ၊ စစ်ကော်မရှင် လုပ်မယ့် ရွေးကောက်ပွဲကြောင့် ဖြစ်လာနိုင်မယ့် အခြေအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်သူ တော်လှန်ပြည်သူတွေရဲ့ မေးခွန်းနဲ့ ဆွေးနွေးချက်တွေကိုလည်း ပြန်လည်ဖြေကြား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

အမေရိကန်အကူအညီ ဖြတ်တောက်မှုဟာ မလိုအပ်ဘဲ ရက်စက်မှုများကို ဖြစ်စေတယ်လို့ လူ့အခွင့်အရေးအရာရှိ ဝေဖန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်တွေကို သည်းမခံဘူး၊ ပါတဲ့လူအကုန် တရားစွဲမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် အနုထင်ဟာ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားအစီအစဉ်တတရပ်အနေနဲ့ ကြေညာလိုက်ပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ နိုင်ငံရေးသမားတွေအားလုံးကို တရားစွဲမယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဒုဝန်ကြီးချုပ် ပြော

မြန်မာနယ်စပ်ဒေသကို ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှု ယနေ့ဖြတ်တောက်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောပါတယ်။ 
Read More

ဘန်ကောက်မှာ သုံးပြီးသား Vape များ ပြန်ရောင်းသည့်လုပ်ငန်းမှ မြန်မာ ၅ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် Vape ထုတ်လုပ်ရေးနေရာအဖြစ် အသုံးပြုနေတဲ့ အငှားအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။