စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု-(Conflict Related Sexual Violence)၊ လိင်အခြေပြုအကြမ်းဖက်မှု-(Gender Based Violence) အစရှိတဲ့ အကြောင်းအရာတွေပါဝင်တဲ့ WCP အသိပညာပေး ဆွေးနွေးမှုသင်တန်းကို အခုစက်တင်ဘာလထဲမှာ ဒုတိယအကြိမ်အနေနဲ့ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာအနေနဲ့ မြေပြင်ရေးရာတာဝန်ခံတွေကို ၂၀၂၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလို နောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသင်တန်းမှာတော့ ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV) နဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေနဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ နိုင်ငံတကာဥပဒေတွေ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာတွေကို အဓိက သင်ကြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တက်ရောက်လာတဲ့ သင်တန်းသားတွေဘက်ကလည်း ပဋိပက္ခအတွင်းမှာ အမျိုးသမီးနဲ့ ကလေးငယ် တွေဟာ အထက်ပါအခြေအနေတွေကို တွေ့ကြုံခံစားနေရကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး  အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အမျိုသမီးတွေကို ပြောဆိုဆွေးနွေးရာမှာ အကြောက်တရား ကြီးစိုးနေတဲ့အတွက် စည်းရုံးဆွေးနွေးဖို့ ခက်ခဲတဲ့ မြေပြင်အခြေအနေတွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ဟာ ပဋိပက္ခကာလဖြစ်နေတာကလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခြင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပညာပေးဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိနေတာကို သင်တန်းအတွင်းမှာ အပြန်အလှန် ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတွေ တွေ့ကြုံခံစားရချိန်မှာ အမျိုးသမီးတွေအပေါ် လူမှုဝန်းကျင်ရဲ့ စောင့်ရှောက်ကာကွယ်မှုဟာ အရေးကြီးကြောင်းကိုလည်း မှတ်ချက်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ဥပဒေတွေကို တာဝန်ရှိသူတွေက လေးစားလိုက်နာသင့်ကြောင်းနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူမှုတွေ ပြုလုပ်မှသာ နောက်ထပ်ကျူးလွန်မှုတွေ ထပ်မဖြစ်ဖို့ စံပြနမူနာအနေနဲ့ အကာအကွယ်ပေးမှုဖြစ်မှာဖြစ်တယ်လို့ သင်တန်းသားတစ်ယောက် ထည့်သွင်းမှတ်ချက်ပြုဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ကန့်ဘလူမြို့နယ်မှာ ပြုလုပ်တဲ့ ဒီသင်တန်းမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးတာဝန်ခံတယောက်နဲ့ အမျိုးသမီးနှင့်ကလေးသူငယ်တာဝန်ခံတယောက်က ဦးဆောင်ပြီသင်ကြား ဆွေးနွေးခဲ့တာပါ။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ လူ့အခွင့်ရေးရာ တာဝန်ခံ စုစုပေါင်း ၁၀၂ ယောက် ခန့်အပ်ထားတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို CDF-Asho တိုက်ခိုက်သိမ်းပိုက်၊ စခန်းစွန့်ခွာရသွားသည့် စစ်အုပ်စုများက အရှိုချင်းရွာ၂ ရွာမှ ဒေသခံ ၁၄ ဦးခန့်ကို ဖမ်းဆီးထား

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းကုန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Chin Defence Force - Asho က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရေတာရှည်တွင် စစ်ရေးတင်းမားနေပြီး စစ်အုပ်စု နေ့စဥ်ဗုံးကြဲ၊ နေပြည်တော် PDF တပ်ရင်း (၉၀၁) မှ ရဲဘော်လျှပ်စီး တိုက်ပွဲအတွင်း ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ PDF တပ်ရင်းတွေ ထိတွေ့တိုက်ပွဲ နေ့စဥ်ဖြစ်ပွားနေပြီး စစ်အုပ်စုက လေကြောင်းအဆက်မပြတ် အသုံးပြုနေတယ်လို့ နေပြည်တော်စစ်တိုင်းဌာန တာဝန်ရှိသူ ဇင်ယော်က မောင်းကို ပြောပါတယ်။
Read More

အရက်ဆိုင်တွင် ပျူစောထီး ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ၃ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

လောင်းလုံးနဲ့ ထားဝယ်မှာ စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေနဲ့ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

နန်းစောင်းပုရွာသစ်တွင် စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ (၇) ဦး ဖမ်းဆီးရမိဟု PDF အမှတ် ၁ စစ်ဒေသ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်စင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း (၇) ယောက် ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနဲ့ လက်နက် (၅) လက် သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်နယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ၍ လသားအရွယ် ကလေးတစ်ဦးအပါ လေး​ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ်‌ ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။