မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေ စစ်ရေးသတိ အပြည့်အဝနဲ့ သတိထားနေထိုင်ကြဖို့ အာရက္ခတပ်တော် AA ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ရခိုင်‌ဒေသတွင်းနဲ့ ရခိုင်ပြည်နယ်အစပ် နေရာ ၃ ခုမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဟာ ထိခိုက်ကျဆုံးမှုများစွာနဲ့အတူ တပ်ပျက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ စစ်သားတွေကလည်း အခွင့်အရေးရတာနဲ့ ထွက်ပြေးတာ၊ ဘက်ပြောင်းခိုလှုံတာ၊ အလံဖြူထောင်တာတွေ နေ့စဥ်ဖြစ်ပေါ်နေတယ်လို့ AA က ဆိုပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်က ဒီရက်ပိုင်းအတွင်း AA အပြည့်အဝ ထိန်းချုပ်ထားတဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့ရွာတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားကာ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် လူစုလူဝေးရှိမယ်လို့ ယူဆတဲ့နေရာတွေကို ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးတွေ နေ့ညမရွေး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို အရင်ထက် ပိုမိုသတိထားပေးကြဖို့နဲ့ စစ်ရေးသတိ အပြည့်အဝ အချိန်မရွေးရှိကြဖို့ AA က အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ဈေးချိုမှာ ဆန္ဒပြ၍ အကြမ်းဖက်စစ်တပ် ဆုငွေထုတ် အမှုဖွင့်ခံထားရသူ ၁၀ ဦးအနက် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံထားရဟု ဆို

မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။
Read More

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမည်ဟု သတင်းများထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီက အထက်တန်းကျောင်းသားတွေကို ပေါ်တာဆွဲနေ၊ ကန့်ဘလူမှာလည်း သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ စစ်အုပ်စု စစ်မှုထမ်းအတွက် လိုက်လံဖမ်းဆီးနေ

မန္တလေးတိုင်း မြင်းခြံနဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းအတွက် လူငယ်တွေကို ဆက်တိုက်သလို ပေါ်တာဆွဲဖမ်းဆီးနေရာ အသက်မ​ပြည့်သေးတဲ့ ကျောင်းသားလူငယ်တွေလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတာကြောင့် ဒီးမော့ဆို – ဖရူဆို – ထားလဲ ကားလမ်းကို အသုံးမပြုကြရန် ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ ထုတ်ပြန်ကြေညာ

ကရင်နီပြည်နယ်ကို အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုးနေလို့ ဒီးမော့ဆို-ဖရူဆို-ထားလဲ ကားလမ်းပိုင်းပေါ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဆိုပါလမ်းပိုင်းကို ပြည်သူတွေ အသုံးပြုသွားလာတာတွေ မလုပ်ဖို့ ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။