ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ မင်းလက်ပံရွာကို အကြမ်းဖက်စစ်တပ်က ကာမီကာဇေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတကျောင်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

စက်တင်ဘာလ ၂၉ ရက် ဒီနေ့လယ် ၂ နာရီဝန်းကျင်အချိန်မှာ စစ်ကော်မရှင်တပ်က မင်းလက်ပံရွာ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“အခုလာကြဲသွားတာ ကာမီကာဇေဒရုန်းနဲ့လို့ သိရတယ်… လူတွေတော့ မထိဘူး။ ကျောင်းကတော့ တော်တော်ပျက်စီးသွားတယ်” လို့ ဒေသခံတစ်ယောက်ကမောင်းကို ပြောပါတယ်။ 

စစ်တပ်က အခု စက်တင်ဘာလ အစပိုင်းကတည်းက မြဝတီ-ကော့ကရိတ် အာရှလမ်းကို ပြန်လည်ထိန်းချုပ် တပ်စွဲခဲ့ပြီး လေးကေ့ကော်ဒေသကို ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်တွေ ဆင်နေတာကြောင့် မြဝတီမြို့နယ်တဝိုက် တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ် ပကဖ ဆီ ညောင်ကိုင်းပျူစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တိုက်နယ်(၃) နယ်မြေ၊ ညောင်ကိုင်းကျေးရွာ ပျူစောထီးစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးနှင့် ဝမ်းတွင်းတွင် စစ်မှုထမ်းမဲပေါက်သူများ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရ

မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်မှုထမ်းစာရင်းပါဝင်သူတွေကို ဆက်တိုက်ဆိုသလို တစ်အိမ်တက်ဆင်း ဖမ်းဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှ ဒုတပ်ကြပ် ဦးဆောင်ကာ စစ်မှုထမ်းတပ်သား ၁၈ ဦးနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းက ဒုတပ်ကြပ် ၁ ယောက် ဦးဆောင်ပြီး စစ်မှုထမ်းတပ်သား ၁၈ ယောက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Ranger Kalay Defend Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမှာ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်ကျဉ်းတချို့ တရားမဝင် ပြန်လည်ဖမ်းဆီး အချုပ်ချခံထားရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လွတ်ရက်စေ့ပြီးလွတ်​မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ရဲက ပြန်လည်ဖမ်းဆီးပြီး အချုပ်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သတင်းထောက်လှမ်းနေတဲ့ အရပ်ဝတ် စစ်သားကို ရေးဘီလူး အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်လမ်းဝအနီးမှာ သတင်းထောက်လှမ်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက်ကို ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။