ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ အရပ်သား ၁ ယောက် တောထဲ ထင်းခွေရင်း မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်သူတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် မနေ့က မုန်းမြို့အတွင်း အမျိုးသား ၁ ယောက် ထင်းခွေရင်း မိုင်းနင်းမိတဲ့အတွက် ခြေထောက် ၂ ယောက်လုံး ပြတ်သွားပြီး  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့  Save The Trees Rescue Team က အရေးပေါ်ကူညီကယ်ဆယ်‌ရေးလုပ်ဆောင်ကာ တောင်ငူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် ဒဏ်ရာရရှိသူ အမျိုးသားဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ‌တောင်ငူဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့တယ် လို့ သိရပါတယ်။

Video – Kyaw Thu Ya

0 Shares:
You May Also Like
Read More

ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည့် ကျောင်းသားတပ်မတော် ရဲဘော်များ

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ABSDF Column - 2 က နိုဝင်ဘာ ၁၂ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ၂ ယောက်သေဆုံးကာ ၁၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၅၄/၀ မှာ ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၅ နာရီဝန်းကျင်က ခရီးသည်တင်ယာဉ် ၁ စီး တိမ်းမှောက်ပြီး ခရီးသည်အမျိုးသမီး ၂ ယောက် သေဆုံးကာ ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တိုက်ခိုက်ခံရပြီးနောက် ကျောင်းဝင်းတစ်ခုလုံး လော့ဒေါင်းချကာ သတင်းပေးလျှင် ထောင်ချမည်ဟု ခြိမ်းခြောက်ထား (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်‌ရေးကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်က ကျောင်းဝင်းတစ်ခုလုံးကို လော့ဒေါင်းချကာ သတင်းပေးတဲ့လူ ဘယ်သူမဆို ထောင်ချမယ်လို့ ခြိမ်းခြောက်ထားကြောင်း Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းပေါ်မှာ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီး ရဲ ၃ ယောက်သေ၊ ၉ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်းလမ်းပေါ် သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ယာဉ် ၄ စီးနဲ့ ဆိုင်ကယ် ၃ စီးပါ အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) ထံက သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲ ၃ ယောက်သေဆုံးကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး M22 (AK) သေနတ်တစ်လက်နဲ့ ဆိုင်ကယ် ၃စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၁၄ ရက် မနေ့က ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတွေသယ်ဆောင်ပြီး ထွက်လာတဲ့ တွဲကား ၂၃ စီးကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာ Jummer ယာဉ် ၆ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။