တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပုလောမြို့နယ်၊ တစ်မိုင်တောင်စခန်းကနေ ဆုတ်ခွာပြီး တောင်ယာကမ်းကျေးရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းမှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက်က ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ယာကမ်းကျေးရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာနေပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူဖျက်ဆီးတာ၊ ပြည်သူတွေ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ် စားသောက်တာတွေ လုပ်ဆောင်နေတာကြောင့် အခုလို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ယူနက်စကိုစာရင်းဝင် ပုဂံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွက် နိုင်ငံတကာတရားရုံးတွေကနေ အရေးယူနိုင်အောင်ကြိုးပမ်းမည်ဟု NUG ပြော

ယူနက်စကို စာရင်းဝင် ပုဂံဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးအကြမ်းဖက်တဲ့ လုပ်ရပ်တွေကို  နိုင်ငံတကာတရားရုံးတွေကနေ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် တာဝန်နှင့် ပြောင်းလာသည့် ပျူစောထီးကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ပျူခေါင်းဆောင်အပါ ၄ဦးသေပြီး လက်နက်နှင့်ငွေသားတချိို့ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂ စီးကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်ဖြစ်သူအပါ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်း တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်မှာ PDF တွေ စစ်သတင်းလွှာဖြန့်ဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ ပြုလုပ်ခဲ့…

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက အပတ်စဥ်ထုတ် စစ်သတင်းလွှာတွေ ဖြန့်ဝေတာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦး-ချောက် လမ်းပိုင်းတွင် တပ်ကူသွားသည့် စစ်ကားများ ၂ ကြိမ် မိုင်းဆွဲခံရ၊ ၅ ဦး သေပြီး အများအပြား ထိခိုက်

မန္တလေးတိုင်း၊  ညောင်ဦး-ချောက်လမ်းပိုင်းမှာ စလင်းမြို့နယ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီကားတန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးခဲ့ကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။